Tuesday, 06 September 2016 10:29

Mg Aung Ko Ko Zin & Ma May Zin Oo

ယနေ့တင်ပြမည့် မင်္ဂလာဆောင် အကြောင်းကတော့ Sule Shangri-La Hotel တွင် 

မြန်မာဆန်ဆန် မင်္ဂလာဆောင်ခဲ့တဲ့ သတို့သား မောင်အောင်ကိုကိုဇင်နှင့် သတို့သမီး မမေဇင်ဦး တို့ အကြောင်းပဲ ဖြစ်ပါတယ်။

မောင်အောင်ကိုကိုဇင်နှင့် မမေဇင်ဦးတို့ဟာ ကျောင်းနေဖက်သူငယ်ချင်းများ ဖြစ်ကြပြီး တက္ကသိုလ် အသီးသီးပြီးလို့ ဘွဲ့ရပြီး လုပ်ငန်းခွင်ထဲဝင်ချိန် သတို့သမီးအိမ်တွင် လက်ထပ်ခွင့်ကို တောင်းရမ်းခဲ့ပါတယ်။ ချစ်သူသက်တမ်း ၅ နှစ်အကြာတွင် လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

03

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်ပိုင်းအတွင်းမင်္ဂလာဆောင်ရန် စတင်စီစဉ် ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် မြန်မာဆန်ဆန်ဆောင်ရန် နှစ်ဦးသဘောတူခဲ့ပြီးရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး ၂၀၁၄ ခုနှစ်တွင် မင်္ဂလာဧည့်ခံပွဲလုပ်ရန်အတွက် Sule Shangri-La Hotel တွင် မင်္ဂလာ ဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၃၅၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖိတ်စာကို ၂၀၀ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ ၃၁ လမ်း၊ မဟာဗနုလလမ်းနှင့် အနော်ရထာလမ်းကြား Success မင်္ဂလာဖိတ်စာအမျိုးမျိုးပြုလုပ်သည့် ဆိုင်တွင် ဖိတ်စာကို ရိုက်နှိပ်ခဲ့ပါတယ်။ ဒီဇိုင်းကိုကြည့်ပြီး အပ်ခဲ့ပါတယ်။

02

မင်္ဂလာဝတ်စုံကို မြန်မာ့ထုံးတမ်းအစဉ်အလာနှင့်ကိုက်ညီသော ရွှေဝါရောင်ပေါ်တွင် ကျောက်များဖြင့် ခြယ်သထားတဲ့ ထိုင်မသိမ်းဝတ်စုံကို ကိုမာဆီက ငှားရမ်းဝတ်ဆင်ခဲ့ပါတယ်။ သတို့သားကတော့ မောင်ဆောင်း တိုက်ပုံမှာ ကိုယ်တိုင်းနဲ့ချုပ်ပြီး လုံချည်ကတော့ ဗိုလ်ချုပ်ဈေးက မထက်ဆီက ၀ယ်ပါတယ်။ အရံ သတို့သား၊ သတို့သမီး၊ ပန်းကြဲ၊ ဗန်းကိုင် နှင့် မိဘများအတွက် အတွက်ကတော့ ယုဇနပလာဇာဝယ်ပြီး ကြည့်မြင်တိုင်က အပ်ချုပ်ဆိုင်တစ်ဆိုင်မှာ ချုပ်ပါတယ်။ ချုပ်ခ တစ်သိန်းခွဲကုန်ကျခဲ့ပါတယ်။

သတို့သမီး မိတ်ကပ်အလှပြင်ဆင်သူကတော့ မိတ်ကပ်ကိုမာ နှင့် ပြင်ခဲ့ပါတယ်။ ပန်းကိုတော့ ဖန်စီနဲ့ပဲပန်ဖြစ်ပါတယ်။ ၀တ်စုံငှားရမ်းခနှင့် မိတ်ကပ်အပြီးအစီး လေးသိန်းပေးရပါတယ်။ မိတ်ကပ်ကိုမာဆီမှာ ဘာကြောင့်ပြင်ရသလဲဆိုရင် “သူ့ဆီမှာ ၀တ်စုံကော၊ မိတ်ကပ်ကော နှစ်မျိုးစလုံး ရသောကြောင့် အဆင်ပြေပြီး စိတ်မပင်ပန်းတော့တာကြောင့် သူနှင့် ပြင်ရခြင်းဖြစ်ပါတယ်။”

မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ Sule Shangri-La Hotel မှ နာက်ခံစာတန်းရေးထိုးခြင်း၊ ပန်းအိုး၊ လျှောက်လမ်းကော်ဇော၊ မင်္ဂလာကိတ်၊ အထူးဧည့်သည် ၀ိုင်းအတွက် ပန်းအိုး စတာတွေကို မေတ္တာလက်ဆောင်အဖြစ် ဟိုတယ်မှ ပြုလုပ်ပေးပါတယ်။

ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကိုတော့ မိုးကိုဦးနဲ့အဖွဲ့ ဗွီဒီယိုရိုက်ကူးရေးကို ငှားရမ်း၍ ရိုက်ကူးစေခဲ့ ပါတယ်။

မင်္ဂလာအချိန်ကတော့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ ၂နာရီကြာ ကျင်းပခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကတော့ ၁း၄၅ မှာ စတင်ထွက်ခဲ့ပါတယ်။ မင်္ဂလာတေးသီချင်းကို စောင်းဒေါ်ရီရီသန့် မှ သီဆိုပြီး မင်္ဂလာအခမ်းအနားမှူးအဖြစ် ဦးဝင်းတင် က ဧည့်သည်တော်များအား မင်္ဂလာသြဘာ ဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာမင်္ဂလာ အထမြောက်သွားကြောင်း ကြေညာခဲ့ပါတယ်။

မင်္ဂလာအကျွေးအမွေးကိုတော့ မုန့် ၅ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံ အား နှုတ်ဆက်ကာ အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။

မင်္ဂလာပွဲ အစမှအဆုံးထိ စုစုပေါင်း သိန်း ၉၀ ကုန်ကျခဲ့ပါတယ်။

Read 2738 times
Rate this item
(5 votes)

Our Verticals