ကျွန်ုပ်တို့အကြောင်း

Wedding Guide

Welcome to the Wedding Guide...

နှစ်ယောက်တစ်ဘဝလို့ မင်္ဂလာဆောင်နှင်းကြမယ့် မောင်မယ်တွေအတွက် ဒီ Wedding Guide Book ကို စီစဉ်ထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်။ မင်္ဂလာမောင်နှံတို့အတွက် လက်ထပ်ရန် စတင်စိတ်ကူးချိန်မှသည် မင်္ဂလာပွဲပြီးစီးသည်အထိ လိုအပ်တဲ့ အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်၊ သတို့သား၊ သတို့သမီးတို့ရဲ့ တာဝန်၊ ဧည့်ခံပွဲလာ ပရိသတ်တွေ၊ နှစ်ဖက်မိဘ အသိုင်းအဝိုင်းတွေ၊ မင်္ဂလာဝတ်စုံ၊ မိတ်ကပ်ကအစ လိုအပ်တဲ့ အချက်အလက်တွေ ဝေမျှပေးထားပါတယ်။

မင်္ဂလာပွဲကျင်းပရန် တစ်နှစ်အလိုကတည်းက စီစဉ်ဆောင်ရွက်သင့်တာတွေကနေ မင်္ဂလာပွဲကြီး ကျင်းပခါနီး တစ်ပတ်အလိုအထိ ဆောင်ရွက်ရမယ့် အစီအစဉ် အသေးစိတ်တွေပါ ဖော်ပြပေးထားလို့ မင်္ဂလာဆောင်နှင်းဖို့ ရည်ရွယ်ထားသူ မောင်မယ်တို့အတွက် အားကိုးအားထား ပြုနိုင်ပါတယ်။

နှစ်ယောက်တစ်ဘဝလမ်း လျှောက်လှမ်းကြရာမှာ ပန်းခင်းသောလမ်း ဖြစ်စေဖို့ ကျွန်တော်/ ကျွန်မတို့ Wedding Guide Book က အထောက်အကူပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်။

“ ရွှေလက်တွဲခရီး အစဉ်ထာဝရ မြဲမြံနိုင်ကြပါစေ”

Our Verticals