Friday, 19 August 2016 08:43

Mg Htet Aung & Ma Khin Phyu Phyu Thaw

ယနေ့တင်ပြမည့် မင်္ဂလာဆောင်အကြောင်းကတော့ မင်းကွန်းတိပိဋကတ် (ရွှေရတုခန်းမ)တွင် မြန်မာ ဆန်ဆန် မင်္ဂလာဆောင်ခဲ့တဲ့ သတို့သားမောင်ထက်အောင်နှင့် သတို့သမီး မခင်ဖြူဖြူသော် တို့ အကြောင်းပဲ ဖြစ်ပါတယ်။

မောင်ထက်အောင်နှင့် မခင်ဖြူဖြူသော် တို့ဟာ အပြင်တွေ့ကြသော သူငယ်ချင်းများဖြစ်ကြပြီး တက္ကသိုလ်အသီးသီးပြီးလို့ ဘွဲ့ရပြီးလုပ်ငန်းခွင်ထဲဝင်ချိန် လက်ထပ်ခွင့်ကို တောင်းခဲ့ပါတယ်။ ချစ်သူသက် တမ်း ၃ နှစ်အကြာတွင် လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်ပိုင်းအတွင်းမင်္ဂလာဆောင်ရန် စတင်စီစဉ် ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာ တွင် မြန်မာဆန်ဆန်ဆောင်ရန် နှစ်ဦးသဘောတူခဲ့ပြီးရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး ၂၀၁၃ ခုနှစ်တွင် မင်္ဂလာဧည့်ခံပွဲလုပ်ရန်အတွက် မင်းကွန်းတိပိဋ ကတ် ရွှေရတုခန်းမတွင် မင်္ဂလာ ဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၅၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖိတ်စာကို ၃၀၀ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ လမ်း ၃၀၊ အထက်ဘလောက်ရှိ မြတ်မွန် မင်္ဂလာဖိတ်စာအမျိုးမျိုး၊ ယပ်တောင်နှင့် စာအိတ်ဖြန့်ချိရေး အော့ဖ်ဆက်တွင် ဖိတ်စာကို ရိုက်နှိပ်ခဲ့ပါတယ်။ ဒီဇိုင်းနှင့်ဈေးနှုန်းကို ချိန်ပြီးအပ်ခဲ့ပါတယ်။

KPPT 3

မင်္ဂလာဝတ်စုံကို မြန်မာ့ထုံးတမ်းအစဉ်အလာနှင့်ကိုက်ညီသော ရွှေဝါရောင်ပေါ်တွင် ကျောက်များဖြင့် ခြယ်သထားတဲ့ မြန်မာဝတ်စုံကို ကိုယ်တိုင်းနဲ့ ချုပ်ပြီးဝတ်ဆင်ခဲ့ပါတယ်။ မင်္ဂလာဝတ်စုံကို ဗိုလ်ချုပ်ဈေးမှ ဒေါ်လာမြင့်အောင်ဆီမှာချုပ်ခဲ့ပါတယ်။ နှစ်ဘက်မိဘများကိုလည်း ဗိုလ်ချုပ်ဈေးရှိ အကျချုပ်ဆိုင်တွင် ချုပ်ပေးခဲ့ပါတယ်။ သတို့သားနှင့် သတို့သမီး အကျချုပ်ခမှာ ကျပ် လေးသိန်းခန့် ကုန်ကျခဲ့ပါတယ်။

သတို့သမီး မိတ်ကပ်အလှပြင်ဆင်သူကတော့ တော်ဝင်သူလင်းလင်းနဲ့ပဲ ပြင်ခဲ့ပါတယ်။ သတို့သမီးမိတ်ကပ် အလှပြင်ဈေးနှုန်းက ကျပ် ခြောက်သောင်း ကုန်ကျခဲ့ပါတယ်။

မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ ကျသင့်ငွေပေးချေ၍ မင်းကွန်းတိပိဋကတ်မှ နောက်ခံစာ တန်းရေးထိုးခြင်း၊ ပန်းအိုး၊ လျှောက်လမ်းကော်ဇော တို့ကို ပြုလုပ်ပေးပါတယ်။

ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကိုတော့ Photo Magic မှ မင်္ဂလာမောင်နှံ၏ အလှဓာတ်ပုံများကို ရိုက်ကူး ပေးခဲ့ပါတယ်။

မင်္ဂလာအချိန်ကတော့ ညနေ ၃း၀၀ နာရီ မှ ၅း၃၀ နာရီအထိ ၁နာရီခွဲကြာ ကျင်းပခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကတော့ ၃း၄၅ မှာ စတင်ထွက်ခဲ့ပါတယ်။ မင်္ဂလာတေးသီချင်းကို မင်းကွန်းတိပိဋကတ်မှ ဖွင့်ပေးပြီး မင်္ဂလာအခမ်းအနားမှူးအဖြစ် City FM မှ မသဇင် က ဧည့်သည်တော်များအား မင်္ဂလာသြဘာဖတ်ကြားပေးပြီး မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာမင်္ဂလာ အထမြောက်သွားကြောင်း ကြေညာခဲ့ပါတယ်။

KPPT 1

မင်္ဂလာအကျွေးအမွေးကိုတော့ ကြက်သားပလာတာနှင့် ရေသန့် တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါ တယ်။ မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။

ညနေပိုင်းတွင် wedding dinner ပွဲကို ညနေ ၆ နာရီမှ ည ၈ နာရီအထိ ကျင်းပခဲ့ပါတယ်။ ရင်းနှီးသည့်သူငယ်ချင်း အယောက် ၁၅ ယောက်ကို ဖိတ်ကြားပြီး Chinese menu sets တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။

ဟန်းနီးမွန်းခရီးစဉ်ကိုတော့ နှစ်ယောက်စလုံးမှ ပင်လယ်ကမ်းခြေသွားရတာကြိုက်တဲ့အတွက်ကြောင့် ချောင်းသာကို ၂ ညအိပ် ၃ ရက်ခရီးသွားခဲ့ပါတယ်။

မင်္ဂလာပွဲ အစမှအဆုံးထိ စုစုပေါင်း သိန်း ၂၅ နီးပါးကုန်ကျခဲ့ပါတယ်။

Read 8756 times
Rate this item
(6 votes)

Our Verticals