Wednesday, 14 September 2016 11:08

Mg Ye Myint Kyaw & Ma May Thwe Hlaing

ယနေ့တင်ပြမည့် မင်္ဂလာဆောင်အကြောင်းကတော့ နယ်တွင်တစ်ကြိမ်၊ အင်းယားကန်ဖျားကျောင်းတိုက်တွင်

တစ်ကြိမ် မြန်မာဆန်ဆန် မင်္ဂလာဆောင်ခဲ့တဲ့ သတို့သားမောင်ရဲမြင့်ကျော်နှင့် သတို့သမီး မမေသွဲ့လှိုင် တို့ အကြောင်းပဲ ဖြစ်ပါတယ်။

မောင်ရဲမြင့်ကျော်နှင့် မမေသွဲ့လှိုင်တို့ဟာ ကျောင်းနေဖက်သူငယ်ချင်းများဖြစ်ကြပြီး တက္ကသိုလ် အသီးသီးပြီး လို့ ဘွဲ့ရပြီး လုပ်ငန်းခွင်ထဲဝင်ချိန်တွင် လက်ထပ်ခွင့်ကို တောင်းရမ်းခဲ့ပါတယ်။ ချစ်သူ သက်တမ်း ၅ နှစ်အကြာတွင် လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်ပိုင်းအတွင်းမင်္ဂလာဆောင်ရန် စတင်စီစဉ် ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာ တွင် မြန်မာဆန်ဆန်ဆောင်ရန် နှစ်ဦးသဘောတူခဲ့ပြီးရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး ၂၀၁၄ ခုနှစ်တွင် မင်္ဂလာဧည့်ခံပွဲလုပ်ရန်အတွက် အင်းယားကန်ဖျား ကျောင်းတိုက်၊ တက္ကသိုလ်ရိပ်သာလမ်း တွင် မင်္ဂလာ ဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

1795943 4938325112920 4384884909806571241 o

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများ နယ်အတွက် ဖိတ်စာကဒ် ၁၅၀၀ နှင့် ရန်ကုန်အတွက် ဖိတ်စာကဒ် ၃၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီး ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ ၃၁ လမ်း၊ မင်္ဂလာဖိတ်စာအမျိုးမျိုးပြုလုပ်သည့် ဆိုင်တွင် ဖိတ်စာကို ရိုက်နှိပ်ခဲ့ပါတယ်။ ဒီဇိုင်းကိုကြည့်ပြီး အပ်ခဲ့ပါတယ်။

မင်္ဂလာဝတ်စုံကို မြန်မာ့ထုံးတမ်းအစဉ်အလာနှင့်ကိုက်ညီသော ခရမ်းရောင်ပေါ်တွင် ကျောက်များဖြင့် ခြယ်သထားတဲ့ ထိုင်မသိမ်းဝတ်စုံကို မန္တလေးတွင် ကိုယ်တိုင်းနဲ့ချုပ်လုပ်ပြီး ၀တ်ဆင်ခဲ့ပါတယ်။ မိဘတွေရယ် ဆွေမျိုးတွေရယ် သတို့သားနှင့် သတို့သမီးအတွက် အားလုံးကို မန္တလေးဆိုင်မှာ အပ်ခဲ့ပါတယ်။ အရံတွေကိုတော့ သူတို့စိတ်ကြိုက်ချုပ်လို့ရအောင် ပိတ်စပဲပေးလိုက်ပါတယ်။

သတို့သမီး မိတ်ကပ်အလှပြင်ဆင်သူကတော့ နှစ်ပွဲစလုံးကို မိတ်ကပ် ၀ိုင်း နှင့် ပြင်ခဲ့ပါတယ်။ “အတော်လေးရင်းနှီးလို့ မူလဈေးထက် တစ်ဝက်လောက်လျှော့ပေးပါတယ်။ မိန်းကလေးက ယောက်ျားလေး ထက် ပိုဝနေတော့ ပန်းတွေအများကြီးပန်ရင် ရုပ်ရင့်သွားမှာစိုးလို့ ဆံထုံးအနေတော်နဲ့ ဖန်စီကိုပဲ သုံးပေးပါတယ်။” နယ်ကခန်းမအတွက် ခန်းမအလှအပြင်အဆင်ကို မန္တလေးက အသိမိတ်ဆွေက လက်ဖွဲ့လို့ နယ်အထိ လာပြင်ပေးပါတယ်။ ရန်ကုန်ပွဲအတွက်ကတော့ အလုပ်ရှုပ်သက်သာအောင် ပန်းအလှပြင် မထည့်တော့ပါဘူး။

နယ်မင်္ဂလာဆောင်အတွက် မန္တလေးက ဓာတ်ပုံဆရာ ဇင်မင်း နဲ့ ရိုက်ကူးခဲ့ပါတယ်။ ရန်ကုန်မှာက သူငယ်ချင်းတွေပဲ ရိုက်ပေးခဲ့ပါတယ်။ မင်္ဂလာသီချင်းကို သီဆိုတဲ့သူမငှားပါ။ ဘိသိက်ဆရာတော့ ပါပါတယ်။ နယ်က ဘိသိက်ဆရာကို ဖိတ်ကြားထားခဲ့ပါတယ်။ နယ်မှာက နံနက် ၁၁ နာရီမှ ၁ နာရီအထိ၊ ရန်ကုန်မှာက နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ကျင်းပခဲ့ပါတယ်။

1471361 10200094569643988 1430621762456978463 n

မင်္ဂလာသြဘာ ဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာမင်္ဂလာ အထမြောက်သွားကြောင်း ကြေညာခဲ့ပါတယ်။ ရန်ကုန်မှ အကျွေးအမွေးကိုတော့ ထောပတ်ထမင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။ နယ်မှာလည်း မြန်မာစတိုင်ဖြင့် ကျွေးမွေးခဲ့ပါတယ်။

မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်း များပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာ အခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ နယ်မှာတော့ ကူညီလုပ်ကိုင်ပေးသူများကို ညစာစားပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။ ညစာစားပွဲကို ဧည့်သည်အယောက် ၆၀ စာ တရုတ်ထမင်းဟင်းဖြင့် ညနေ ၆ နာရီမှ ည ၉ နာရီအထိ အိမ်မှာပဲ ကျင်းပခဲ့ပါတယ်။

မင်္ဂလာပွဲ နှစ်ပွဲ အစမှအဆုံးထိ စုစုပေါင်း သိန်း ၁၅၀ ကုန်ကျခဲ့ပါတယ်။

Read 2214 times
Rate this item
(4 votes)

Our Verticals