Tuesday, 26 July 2016 08:35

Maung Chit Ko Ko and Ei Thandar Oo

အခုတင်ပြမယ့် မင်္ဂလာဆောင်အကြောင်းကတော့ မင်းကွန်းတိပိဋကကျောင်းတော်ကြီးမှာ မြန်မာဆန် ဆန် မင်္ဂလာဆောင်ခဲ့တဲ့ သတို့သားမောင်ချစ်ကိုကိုလွင်နှင့် သတို့သမီးမအိသန္တာဦးတို့အကြောင်းပဲဖြစ်ပါတယ်။

သတို့သားနဲ့ သတို့သမီးတို့အကြောင်း

မောင်ချစ်ကိုကိုလွင်နှင့် မအိသန္တာဦးတို့ဟာ အလယ်တန်းတက်ကတည်းကကျောင်းမှာ သူငယ်ချင်း  အဖြစ် စတင်ခင်မင်ခဲ့တာဖြစ်ပါတယ်။ တက္ကသိုလ် အသီးသီးပြီးလို့ ဘွဲ့ရပြီးလုပ်ငန်းခွင်ထဲဝင် ချိန်တွင် ချစ်သူဖြစ်ခွင့်တောင်းခဲ့ပါတယ်။ ချစ်သူအဖြစ် ၅ နှစ်အကြာတွင် ဖုန်းထဲမှနေ၍လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးကအသိပေး၍ တစ်နှစ်အတွင်းမင်္ဂလာဆောင်ရန် စတင်စီစဉ် ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန်စတင်စီစဉ်ခဲ့ရာတွင် မြန်မာဆန်ဆန်ဆောင်ရန် နှစ်ဦးသဘောတူခဲ့ပြီးရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၅) ရက် ၇.၅.၂၀၁၅ (ကြာသပတေးနေ့) တွင် မင်္ဂလာဧည့်ခံပွဲလုပ်ရန်အတွက် ဒဂုံမြို့နယ်၊ တော်ဝင်စင်တာအနီးရှိ ယခင်နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မင်းကွန်းတိပိဋကကျောင်းတော်ကြီး၊ အမှတ် (၁၆)၊ စကားဝါလမ်း၊  မင်္ဂလာ ဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီဇိုင်းနှင့်အ၀တ်အစား

မင်္ဂလာဆောင်ရန်အတွက် ရပ်မိရပ်ဖလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၅၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖိတ်စာကို ရန်ကုန်မြို့၁၂၉ (ပ-ထပ်)၊ ၃၂လမ်း (လယ်)မှာ ရှိတဲ့ ပြည့်ဝ ဖိတ်စာနှင့် အောဖ့်ဆက်လုပ်ငန်းမှာ ရိုက်နှိပ်ခဲ့ပါတယ်။

Invitation

ဖိတ်စာဒီဇိုင်းကတော့ အပေါ်အဖုံးကို ရွှေရောင်ဖြင့် နောက်ခံထား၍ အလယ်ဖယောင်းစက္ကူပေါ်တွင် စာသားကိုအနက်ရောင်ကွန်ပျူတာဖြင့် ဒီဇိုင်းဆင်ထားပါ တယ်။  ဒါ့အပြင် မိဘနှစ်ပါးအား ရိုသေအလေးထားမှုအနေဖြင့်လည်း သူတို့၏ နာမည်များအားလည်း သက်ဆိုင်ရာ သတို့သမီး၊ သတို့သားတို့ရဲ့အပေါ်မှာထည့်သွင်းဖော်ပြခဲ့ပါတယ်။

မင်္ဂလာဝတ်စုံကို မြန်မာဓလေ့ထုံးတမ်းအစဉ်အလာနှင့် ကိုက်ညီသောပန်းရောင်ကို ၀တ်ဆင်ခဲ့ပါတယ်။ မင်္ဂလာဝတ်စုံကို Designer Joker မှ နှစ်ဘက်မိဘများ၊ သတို့သား၊ သတို့သမီးနှင့် အရံများအတွက် မြန်မာဆန်ဆန်ဖြင့် ကိုယ်တိုင်းနဲ့ချုပ်လုပ်ခဲ့ပါတယ်။ သတို့သား၊ သတို့သမီးအ၀တ်အစားက ၅ သိန်း ကုန် ကျပါတယ်။

မိတ်ကပ်အလှပြင်ဆင်သူကတော့  မထက် မှ ခေါင်းမှ ခြေဖျားအဆုံးသတို့သမီးကို အလှပြင်ဆင် ပေးကာ သတို့သားကိုမူမျက်နှာကို အလှပြင်ဆင်ပေးပါတယ်။ သတို့သမီးဆံပင်ကိုဆံမြိတ်တွင် ဖန်စီများတပ်ဆင်ပြီး အလှဆင်ပေးထားပါတယ်။ ပန်းအစစ်ကိုမပန်တော့ဘဲ ဖန်စီနဲ့ပဲအလှဆင်ပေးထားပြီး မိတ်ကပ်ပြင်ဆင်မှုက၂သိန်းကုန်ကျပါတယ်။

မင်္ဂလာပွဲ

မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ မင်းကွန်းတိပိဋကကျောင်းတော်ကြီးမှ ပြင်ဆင်ပေးပြီးအကြို မင်္ဂလာဆောင်နှင့် မင်္ဂလာဧည့်ခံပွဲအတွက် ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကို Photo Magic နဲ့ ရိုက်ကူးခဲ့ပါတယ်။

မင်္ဂလာအချိန်ကိုနေ့လည် ၁၂း၃၀ နာရီ မှ ၂း၃၀ နာရီအထိ၂နာရီကြာ ကျင်းပခဲ့ပါတယ်။ မင်္ဂလာအခမ်းအနားမှူးအဖြစ် ခိုင်မြဲသာ က ဧည့်သည်တော်များအား မင်္ဂလာသြဘာဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကိုဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာမင်္ဂလာ အထမြောက် သွားကြောင်း ကြေညာခဲ့ပါတယ်။ 

မင်္ဂလာအကျွေးအမွေးကိုတော့ ထောပတ်ထမင်း၊ ရေခဲမုန့်တို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ ပါတယ်။ အကျွေးအမွေး ကုန်ကျစရိတ်က ၂၁ သိန်းဖြစ်ပြီး မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်းတစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသောဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။

Dinner က တစ်ယောက် ၁၂,၀၀၀ကျပ်နှုန်းနဲ့ အယောက် ၁၅၀ ဖိတ်ကြားခဲ့ပါတယ်။  Dinner ပွဲကို ရွှေရှမ်းကန်စားသောက်ဆိုင်တွင် ကျင်းပခဲ့ပြီး ၂၁ သိန်းခန့် ကုန်ကျခဲ့ပါတယ်။ စုစုပေါင်းကုန်ကျစရိတ်မှာ သိန်း ၁၀၀ နီးပါး ကုန်ကျခဲ့ပါတယ်။

DInner

Read 3501 times
Rate this item
(4 votes)

Our Verticals