Wednesday, 07 September 2016 11:09

Mg Min Thiha & Ma Pale Thwe

ယနေ့တင်ပြမည့် မင်္ဂလာဆောင်အကြောင်းကတော့ Yuzana Hotel – Shwegondine တွင် မြန်မာဆန်ဆန်

မင်္ဂလာဆောင်ခဲ့တဲ့ သတို့သားမောင်မင်းသီဟနှင့် သတို့သမီး မပုလဲသွယ်တို့ အကြောင်းပဲ ဖြစ်ပါတယ်။

မောင်မင်းသီဟနှင့် မပုလဲသွယ်တို့ဟာ အလုပ်ကတစ်ဆင့်သိကြပြီး ချစ်သူသက်တမ်း ၁ နှစ်အကြာတွင် လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးဖြစ်ပါတယ်။

နှစ်ဦးနှစ်ဘက်မိဘများအား ချစ်သူနှစ်ဦးကအသိပေးပြီး ဒီနှစ်ထဲတွင် မင်္ဂလာဆောင်ရန် စတင်စီစဉ် ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် မြန်မာ ဆန်ဆန်ဆောင်ရန် နှစ်ဦးသဘောတူခဲ့ပြီးရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး ၂၀၁၆ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် မင်္ဂလာဧည့်ခံပွဲလုပ်ရန်အတွက် Yuzana Hotel - Shwegondine တွင် မင်္ဂလာဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

04

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၃၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖိတ်စာကို ၃၇၀ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့၊ ဆင်ရေတွင်းမှတ်တိုင်၊ ဆင်ရေတွင်းလမ်း၊ အင်းစိန်လမ်းကြီး မြင်သာ မင်္ဂလာဖိတ်စာအမျိုးမျိုးပြုလုပ်သည့် ဆိုင်တွင် ဖိတ်စာကို ရိုက်နှိပ်ခဲ့ပါတယ်။ ဒီဇိုင်းဆန်းဆန်းကိုကြည့်ပြီး အပ်ခဲ့ပါတယ်။

မင်္ဂလာဝတ်စုံကို မြန်မာ့ထုံးတမ်းအစဉ်အလာနှင့်ကိုက်ညီသော အဖြူနှင့်ရွှေဝါရောင်ပေါ်တွင် ကျောက်များဖြင့် ခြယ်သထားတဲ့ ထိုင်မသိမ်းဝတ်စုံကို သီတဂူ ဆီက ငှားရမ်းဝတ်ဆင်ခဲ့ပါတယ်။ သတို့သမီးအတွက် သစ်ခွပန်းအဖြူအစစ်၊ လက်ဝတ်ရတနာနှင့် ပန်းကြဲ၊ ဗန်းကိုင် နှစ်ယောက်အပြီးအစီး ကို ၇ သိန်းနီးပါး ကုန်ကျခဲ့ပါတယ်။ မိဘများအတွက် ၀တ်စုံကိုတော့ ဗိုလ်ချုပ်ဈေးမှာပဲဝယ်ယူပြီး ဈေးထဲက အပ်ချုပ်ဆိုင်မှာ အပ်ခဲ့ပါတယ်။

သတို့သမီး မိတ်ကပ်အလှပြင်ဆင်သူကတော့ ညီညီမောင် (စမ်းချောင်း)နှင့် ပြင်ခဲ့ပါတယ်။ ပန်းကိုတော့ သစ်ခွပန်းအစစ်ပန်ခဲ့ပါတယ်။ မိတ်ကပ်ကို ညီညီမောင်ဆီမှာ ဘာကြောင့်ပြင်ရသလဲဆိုရင် “သူငယ်ချင်းများက အရမ်းကောင်းတယ်ဟု ညွှန်းသောကြောင့် သူနှင့် ပြင်ရခြင်းဖြစ်ပါတယ်။”

03

မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ Yuzana Hotel - Shwegondine မှ နောက်ခံစာတန်းရေးထိုးခြင်း၊ ပန်းအိုး၊ လျှောက်လမ်းကော်ဇော၊ အထူးဧည့်သည် ၀ိုင်းအတွက် ပန်းအိုး စတာတွေကို ကုန်ကျစရိတ်ပေးရ သောကြောင့် ဟိုတယ်မှ ပြုလုပ်ပေးပါတယ်။

ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကိုတော့ မုတ်သုံ ဗွီဒီယိုရိုက်ကူးရေးကို ငှားရမ်း၍ ရိုက်ကူးစေခဲ့ ပါတယ်။ Pre-wedding photo ကို Forever မှာ ၀တ်စုံ ၃ စုံကို ၅ သိန်း Package ဖြင့် ရိုက်ကူးခဲ့ပါတယ်။

မင်္ဂလာအချိန်ကတော့ နေ့လည် ၃ နာရီမှ ၄ နာရီခွဲအထိဖြစ်ပေမယ့် ဟိုတယ်မှ ၅ နာရီအထိ ခွင့်ပေးခဲ့သောကြောင့် ၂နာရီ ကြာမြင့်ခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကတော့ ၃း၄၅ မှာ စတင်ထွက်ခဲ့ပါတယ်။ မင်္ဂလာအခမ်းအနားမှူးအဖြစ် ဆရာခိုင်မြဲသာ က ဧည့်သည်တော်များအား မင်္ဂလာသြဘာ ဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာမင်္ဂလာ အထမြောက် သွားကြောင်း ကြေညာခဲ့ပါတယ်။

မင်္ဂလာအကျွေးအမွေးကိုတော့ မုန့် ၄ မျိုး၊ ရေခဲမုန့်၊ ကော်ဖီ (သို့) လက်ဖက်ရည်တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

02

မိတ်ဆွေသူငယ်ချင်းများနှင့် ညစာစားပွဲကို New Doreen ၀ါးတမ်းလမ်းတွင် ဧည့်သည်အယောက် ၅၀ ဖိတ်ပြီး ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ ဟန်းနီးကို ချောင်းသာရှိ Hotel Ace တွင် တည်းခိုခဲ့ပါတယ်။

မင်္ဂလာပွဲ အစမှအဆုံးထိနှင့် ခန်းဝင်ပစ္စည်းအပါအ၀င် စုစုပေါင်း သိန်း ၈၀ နီးပါးကုန်ကျခဲ့ပါတယ်။

Read 2962 times
Rate this item
(2 votes)

Our Verticals