Friday, 29 July 2016 08:38

Mg Thuta Aung and Ma Thandar Lin Kyaw

အခုတင်ပြမယ့် မင်္ဂလာဆောင်အကြောင်းကတော့ Sedona Hotel၊ မင်းတုန်းခန်းမမှာ မြန်မာဆန်ဆန် မင်္ဂလာဆောင်ခဲ့တဲ့ သတို့သားမောင်သုတအောင်နှင့် သတို့သမီး မသန္တာလင်းကျော်တို့ အကြောင်းပဲဖြစ်ပါတယ်။

 

သတို့သားနှင့် သတို့သမီးအကြောင်း

မောင်သုတအောင်နှင့် မသန္တာလင်းကျော် တို့ဟာ တက္ကသိုလ်မှ ကျင်းပပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုမှာ တွေ့ခဲ့ကြတာပါ။ တက္ကသိုလ်အသီးသီးပြီးလို့ ဘွဲ့ရပြီးလုပ်ငန်းခွင်ထဲဝင်ချိန်တွင် လက်ထပ်ခွင့်ကိုတောင်းခဲ့ကြ တဲ့သူ နှစ်ဦးပါ။ သတို့သားက အသက် ၂၈ နှစ်နှင့် သတို့သမီးက အသက် ၂၀ တွင် လက်ထပ်ဖြစ်ခဲ့ကြပါတယ်။

သတို့သားက B.A (English)၊ IDIC (UK), IADCS (UK) နဲ့ ကျောင်းပြီးထားပြီး  ကွန်ပျူတာ အလုပ်လုပ်နေပါတယ်။ သတို့သမီးက B.C.Tech  နဲ့ ကျောင်းပြီးထားပါတယ်။

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးကအသိပေး၍ လပိုင်းအတွင်းမင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန်စတင်စီစဉ်ခဲ့ရာတွင် မြန်မာဆန်ဆန်ဆောင်ရန် နှစ်ဦးသဘောတူခဲ့ပြီးရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး ၂၀၁၅ ခုနှစ်တွင် မင်္ဂလာဧည့်ခံပွဲလုပ်ရန်အတွက် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Sedona Hotel ၊ မင်းတုန်းခန်းမ တွင်မင်္ဂလာဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

မင်္ဂလာဝတ်စုံနှင့် ဒီဇိုင်း

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများအယောက် ၃၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီး ဈေးနှုန်းအနည်းအများထက် ကျွန်တော်တို့က သက်သက်သာသာနဲ့ အဆင်ပြေပြေ အမြန်ဆုံးရမယ်လို့ထင်တဲ့ ရန်ကုန်မြို့ ၃၁ လမ်းမှာရှိတဲ့ တက်နေခြည် ပုံနှိပ်တိုက်မှာ စိတ်ကြိုက်ဒီဇိုင်းကို အပ်ခဲ့တာဖြစ်ပါတယ်။ ပြန်ကမ်းပစ္စည်းအနေနဲ့ကတော့ ရွှေတိဂုံဘုရားလမ်းပေါ်က My Wedding က မှာယူခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာဧည့်ခံပွဲမှာ Board ထောင်ဖို့အတွက် ဓာတ်ပုံရွေးတာကအစ ဧည့်ခံပွဲလျှောက်လမ်းထွက်တဲ့သီးချင်း အတွက်ကော လက်ဖွဲ့ပစ္စည်းသယ်တာတွေအထိကို အကုန်လုံး အစစ အရာရာ အကုန်လုံး အကူအညီပေးခဲ့ ကြပါတယ်။

မင်္ဂလာဝတ်စုံကို မြန်မာ့ထုံးတမ်းအစဉ်အလာနှင့်ကိုက်ညီသော အ၀ါရောင်နှင့် အနီရောင် ရောစပ်ထားသည့်ဝတ်စုံနှင့် ကျောက်များဖြင့် ခြယ်သထားတဲ့ မြန်မာဆန်ဆန်ထိုင်မသိမ်းဝတ်စုံကို သီတဂူတွင် ငှားရမ်းဝတ်ဆင်ခဲ့ပါတယ်။ သတို့သားအရံ၊ သတို့သမီးအရံမပါဝင်ခဲ့ပေမယ့် မင်္ဂလာပန်းကြဲနှင့် လက်စွပ်ဗန်းကိုင်၊ မင်္ဂလာပန်းကုံးဗန်းကိုင်သူတွေအတွက်တော့ အကုန်လုံးစီစဉ်ပေးခဲ့ပါတယ်။ ၀တ်စုံ၊ ပန်းနှင့် အခြားသက်ဆိုင်ရာ ပစ္စည်းငှားရမ်းကုန်ကျစရိတ်အနေနဲ့ကတော့ ၉ သိန်းနီပါးလောက် ကုန်ကျခဲ့ပါတယ်။ နှစ်ဘက်မိဘတွေအတွက် ၀တ်စုံကိုတော့ မစီစဉ်ပေးခဲ့ရပါဘူး။

Preweddingthuta

Pre-wedding၊ မင်္ဂလာဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးရေးကတော့ Yes I Do နဲ့ ရိုက်ကူးခဲ့ပါတယ်။ ဧည့်သည်တွေရဲ့ ဖျော်ဖြေရေးနဲ့ မင်္ဂလာတေးသီချင်း Band အနေနဲ့ သီဆိုသူမရှိပေမယ့် သူငယ်ချင်း DJ Xeno  က မေတ္တာနဲ့ လက်ဖွဲ့ကူညီခဲ့ပါတယ်။ မင်္ဂလာအခါတော်ပေးအနေနဲ့ ကိုဇင်အောင် က လုပ်ပေးတာဖြစ်ပါတယ်။

မင်္ဂလာပွဲ

မင်္ဂလာပွဲအတွက် သက်ဆိုင်တဲ့ ပန်းအသီးသီးကိုလည်း သီတဂူ ကနေပဲ စီစဉ်ပေးခဲ့ပါတယ်။ မိတ်ကပ်ကတော့ မထက် (Pop Soul) ဖြစ်ပြီး သတို့သမီး၊ ဗန်းကိုင်နှင့် ပန်းကြဲအတွက်ကို ၃ သိန်းလောက်ကုန်ကျခဲ့ပါတယ်။

ခန်းမအပြင်အဆင်ကို ဟိုတယ်က ပြင်ပေးတဲ့အပြင် သီတဂူ ဆီကနေ လိုအပ်တဲ့ ပန်းတိုင်တွေ ထပ်ဖြည့်ထည့်ပြီး အခြား Fog Effect အနေနဲ့ Myanmar Carbonixi ဘော်လုံးပန်းကုံးအ၀င်မုဒ်အနေနဲ့ Bo Bo ကနေ ပြုလုပ်ပေးခဲ့ပါတယ်။

fog

မင်္ဂလာအခမ်းအနားကို ညနေ ၄ နာရီမှ ၆ နာရီအထိဖြစ်ပါတယ်။ ပွဲအတွက် လက်ထက်လက်စွပ်နဲ့ မင်္ဂလာပန်းကုံးကို လုပ်ဖြစ်ခဲ့ပါတယ်။

အစားအသောက်အနေနဲ့ကတော့ အနောက်တိုင်းပုံစံဖြင့် ဧည့်ခံခဲ့ပါတယ်။ ဟိုတယ်က စီစဉ်ပေးတဲ့ မင်္ဂလာကိတ်ကိုလည်း ခွဲဖြစ်ပါသေးတယ်။

Wedding cake

မင်္ဂလာအခမ်းအနားပြီးတာနဲ့ ည ၈နာရီကနေ မနက် ၁ နာရီအထိ Dinner ပွဲကို Blue Galaxy မှာ စီစဉ်ခဲ့ပါတယ်။ ဧည့်သည်အယောက် ၅၀ ကျော်လောက်ကို Hot Pot ၊ အကင်၊ တရုတ်အစားအစာများနှင့် အဖျော်ယမကာများဖြင့် ဧည့်ခံခဲ့ပါတယ်။

Honeymoon ခရီးစဉ်ကိုတော့ ငွေဆောင်ကမ်းခြေ Ocean Blue Hotel မှာ သွားရောက်တည်းခိုခဲ့ပါတယ်။ သွားရောက်ခဲ့ပါတယ်။ မင်္ဂလာဆောင် အပြီးအစီး ကုန်ကျစရိတ်က သိန်း ၁၀၀ လောက် ကုန်ကျခဲ့ပါတယ်။

Read 2105 times
Rate this item
(5 votes)

Our Verticals