Tuesday, 02 August 2016 07:51

Mg Naing Bo Bo Lwin and Ma Hla Myat Khaing

ယနေ့တင်ပြမည့် မင်္ဂလာဆောင်အကြောင်းကတော့ Dophin Restaurantမှာ မြန်မာဆန်ဆန် မင်္ဂလာဆောင်ခဲ့တဲ့ သတို့သား မောင်နိုင်ဗိုလ်ဗိုလ်လွင်နှင့် သတို့သမီးမလှမြတ်ခိုင်တို့အကြောင်းပဲဖြစ်ပါတယ်။

သတို့သားနှင့် သတို့သမီးတို့အကြောင်း

မောင်နိုင်ဗိုလ်ဗိုလ်လွင်နှင့် မလှမြတ်ခိုင်တို့ဟာစားသောက်ဆိုင်တစ်ခုတွင်သူငယ်ချင်းမိတ်ဆွေများနှင့် တွေ့ဆုံရင်းရင်းနှီးခဲ့ကြတာပါ။ လူကြီးများကို အသိပေးပြီးမှ စေ့စပ်ပွဲအခန်းအနားကို အရင်ဆုံးလုပ်ပြီးမှ အဲဒီ နေ့မှာပဲ မင်္ဂလာပွဲရက်ကို ရွေးခဲ့တာဖြစ်ပါတယ်။

ဘွဲ့ရပြီးလုပ်ငန်းခွင်ထဲဝင်ချိန်တွင် စားသောက်ဆိုင်တစ်ဆိုင်တွင်လက်ထပ်ခွင့်ကိုတောင်းခဲ့ပါတယ်။ ချစ်သူအဖြစ် ၅ နှစ်အကြာတွင် လက်ထပ်ခွင့် ကိုတောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

သတိုးသားမှာ 3rd Year (Eng) တက်ရောက်နေဆဲဖြစ်ပြီး Uniteam Marine Ltd. တွင် တာဝန်ထမ်းဆောင်နေပါတယ်။ သတို့သမီးမှာ B.Sc (Maths) နှင့် ကျောင်းပြီးထားပြီး MMRD Ltd. တွင် Asst: Admin Manager (Yangon Directory Group) ဖြင့် တာဝန်ထမ်းဆောင်နေပါတယ်။

index3

နှစ်ဦးနှစ်ဘက်မိဘများအား ချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်လယ်ပိုင်းအတွင်း မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် မြန်မာဆန်ဆန်ဆောင်ရန် နှစ်ဦးသဘောတူခဲ့ပြီး ရင်းနှီးသောမိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး မြန်မာသက္ကရာဇ် ၁၃၇၈ခုနှစ်၊ တန်ခူးလပြည့်ကျော် (၉) ရက် ၁.၅.၂၀၁၆အလုပ်သမားနေ့ (တနင်္ဂနွေနေ့) တွင် မင်္ဂလာဧည့်ခံပွဲလုပ်ရန်အတွက် “Dolphin Restaurant” ကန်တော်ကြီးပတ်လမ်း၊ ဗဟန်းမြို့နယ်တွင် မင်္ဂလာဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

မင်္ဂလာဝတ်စုံနှင့် ဒီဇိုင်း

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများအယောက် ၃၅၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖိတ်စာကိုလှလှဝင်း မင်္ဂလာဖိတ်စာအမျိုးမျိုးပြုလုပ်သောဆိုင်တွင် မျက်နှာဖုံးရှေ့တွင် Handmade ဒီဇိုင်း၊ ကာဗာကိုငွေရောင်ဖြင့် စာလုံးထိုးထားပြီး အတွင်းကို ဖယောင်းစက္ကူပေါ်တွင် စာသားကိုအနက်ရောင် ကွန်ပျူတာဖြင့် ဒီဇိုင်းဆင်ထားပါတယ်။ ကိုယ်ကြိုက်တဲ့ ဒီဇိုင်းကိုလိုက်ရှာပြီး ဆက်ဆံရေးကာင်းလို့ ဒီဆိုင်မှာ ဖိတ်စာ ပြုလုပ်ဖြစ်ခဲ့ပါတယ်။

မင်္ဂလာဝတ်စုံကို မြန်မာ့ထုံးတမ်းအစဉ်အလာနှင့်ကိုက်ညီသောငွေရောင်ပေါ်တွင် ကျောက်များဖြင့် ခြယ်သထားတဲ့ ထိုင်မသိမ်းဝတ်စုံကို ငှားရမ်း ၀တ်ဆင်ခဲ့ပါတယ်။ မင်္ဂလာဝတ်စုံကို မိတ်ကပ်မေဦးဆီမှ ငှားရမ်းဝတ်ဆင်ခဲ့ပါတယ်။ မိဘတွေကတော့ သူတို့ သဘောကျတာတွေပဲ ချုပ်ဝတ်ကြတာဖြစ်ပါတယ်။ ပန်းကြဲ၊ ဗန်းကိုင်အတွက်ကတော့ ချုပ်ပေးရတာဖြစ်ပါတယ်။ ချုပ်တာကတော့ ဒီဇိုင်နာ ခိုင်ဇာဝင့်ဆီမှာ ချုပ်ဖြစ်ပါတယ်။

မိတ်ကပ်အလှပြင်ဆင်သူကတော့အလှဖန်တီးရှင် မေဦး ဆီမှာပဲ ပြင်ဖြစ်ပါတယ်။ သူပြင်တာတွေက အရမ်းလှတယ်။ ပန်းကိုတော့ ဖန်စီပဲ ပန်ဖြစ်ပါတယ်။ လက်ကိုင်နဲ့ ရင်ခတ်ပန်းတွေကတော့ မေဦးကပဲစီစဉ်ပေးပါတယ်။

မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ ခန်းမပန်းသမားမှ ခန်းမဒီဇိုင်းကိုလှပသေသပ်စွာ ပြင်ဆင်ပေး ပါတယ်။ ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကို မလိမ္မာမြန်မာစာ ဗွီဒီယိုရိုက်ကူးရေးကို ငှားရမ်း၍ ရိုက်ကူးစေခဲ့ပါ တယ်။

07

မင်္ဂလာအချိန်ကတော့ ညနေ၃း၀၀ နာရီ မှ ၄း၃၀ နာရီအထိဖြစ်ပြီး ၁နာရီခွဲကြာ ကျင်းပခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကတော့ ၃ နာရီ ၄၅ မှာစတင်ထွက်ခဲ့ပါတယ်။ မင်္ဂလာတေးသီချင်းကိုဆောင်းခင်မာသီမှ သီဆိုပြီးမင်္ဂလာအခမ်းအနားမှူးအဖြစ် ခိုင်မြဲသာက ဧည့်သည်တော်များအား မင်္ဂလာသြဘာ ဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာ မင်္ဂလာအထမြောက် သွားကြောင်း ကြေညာခဲ့ပါတယ်။

မင်္ဂလာအကျွေးအမွေးကိုတော့ Dolphin မှ Menu အတိုင်းဧည့်သည်တစ်ယောက်ကို ၅၅၀၀ ကျပ် နှုန်းနဲ့ အနောက်တိုင်းပုံစံ တည်ခင်း ဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာအခမ်းအနားအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။

Dinner

မင်္ဂလာအခန်းအနားပြီးတော့ Dinner ပွဲအတွက်လည်းအစကတည်းက စီစဉ်ထားပါတယ်။ Dinner အချိန်က ည ၇ နာရီမှ ည ၁၀ နာရီအထိဖြစ်ပါတယ်။ လူကြီးပိုင်းဧည့်ခံပွဲကို Golden Duck တွင် သပ်သပ်တစ်နေရာကျင်းပပြီးလူငယ် ၃၅ ယောက် ဧည့်ခံပွဲကိုတော့ ရွှေရှမ်းကန်မှာ တည်ခင်းဧည့်ခံခဲ့ပါတယ်။ မင်္ဂလာပွဲအစမှအဆုံးထိ စုစုပေါင်းသိန်း ၇၀ နီးပါးကုန်ကျခဲ့ပါတယ်။

Read 2781 times
Rate this item
(1 Vote)

Our Verticals