Friday, 05 August 2016 05:26

Mg Kaung Myat Zaw & Ma Hay Mar Nway Oo

အခုတင်ပြမယ့် မင်္ဂလာဆောင်အကြောင်းကတော့ ယခင် Trader Hotel မှ ယခု Sule Shangri-La Hotel တွင် မြန်မာဆန်ဆန် မင်္ဂလာဆောင်ခဲ့တဲ့ သတို့သားမောင်ကောင်းမြတ်ဇော်နှင့် သတို့သမီး မဟေမာနွေဦး တို့ အကြောင်းပဲ ဖြစ်ပါတယ်။

သတို့သားနှင့် သတို့သမီးအကြောင်း

မောင်ကောင်းမြတ်ဇော်နှင့် မဟေမာနွေဦးတို့ဟာ ကျောင်းနေဖက်သူငယ်ချင်းများဖြစ်ကြပြီး တက္ကသိုလ်အသီးသီးပြီးလို့ ဘွဲ့ရပြီးလုပ်ငန်းခွင်ထဲဝင်ချိန် မောင်ကောင်းမြတ်ဇော်မှ စားသောက်ဆိုင်တစ်ဆိုင်တွင် လက်ထပ်ခွင့်ကို တောင်းခဲ့ပါတယ်။ ချစ်သူသက်တမ်း ၇ နှစ်အကြာတွင် လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်ပိုင်းအတွင်းမင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် မြန်မာဆန်ဆန်ဆောင် ရန် နှစ်ဦးသဘောတူခဲ့ပြီးရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်ပြီး ၂၀၁၂ ခုနှစ်တွင် မင်္ဂလာဧည့်ခံပွဲလုပ်ရန်အတွက် ယခင် Trader Hotel မှ ယခု Sule Shangri-La Hotel တွင် မင်္ဂလာ ဧည့်ခံပွဲပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။

မင်္ဂလာဆောင်ဝတ်စုံနှင့်ဒီဇိုင်း

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၅၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖိတ်စာကို ၃၀၀ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ ၃၂ လမ်းရှိ မင်္ဂလာဖိတ်စာအမျိုးမျိုး၊ ယပ်တောင်နှင့် စာအိတ်ဖြန့်ချိရေး အော့ဖ်ဆက်တွင် ဖိတ်စာကို ရိုက်နှိပ်ခဲ့ပါတယ်။ ဒီဇိုင်းနှင့်ဈေးနှုန်းကို ချိန်ပြီးအပ်ခဲ့ပါတယ်။

မင်္ဂလာဝတ်စုံကို မြန်မာ့ထုံးတမ်းအစဉ်အလာနှင့်ကိုက်ညီသော သခွားမွှေးရောင်ပေါ်တွင် ကျောက်များ ဖြင့် ခြယ်သထားတဲ့ ထိုင်မသိမ်းဝတ်စုံကို ကိုယ်တိုင်းနဲ့ ချုပ်ပြီးဝတ်ဆင်ခဲ့ပါတယ်။ မင်္ဂလာဝတ်စုံကို မဥူဆီမှာချုပ်ပြီး ပန်းကြဲ၊ ဗန်းကိုင်၊ သတို့သား၊ သတို့သမီးနှင့် အရံနှစ်တွဲအတွက်ကိုလည်း မဥူဆီမှာပဲ အတိုင်းဖြင့် ချုပ်ပေးခဲ့ပါတယ်။ နှစ်ဘက်မိဘများကိုတော့ စကော့ဈေးရှိ အကျချုပ်ဆိုင်တွင် ချုပ်ပေးခဲ့ပါတယ်။

သတို့သမီး မိတ်ကပ်အလှပြင်ဆင်သူကတော့ ဒီဇင်ဘာနှင်းပြီး အရံတွေကိုရော သူနဲ့ပဲ ပြင်ခဲ့ပါတယ်။ ဖန်စီနဲ့မလုပ်ဘဲ ပန်းအစစ်နဲ့ပဲ ပြင်ပေးခဲ့ပါတယ်။ သတို့သမီးမိတ်ကပ်အလှပြင်ဈေးနှုန်းက ကျပ် ၂ သိန်းဖြစ်ပြီး အရံတွေအတွက်ကတော့ ၂ သောင်း ကုန်ကျခဲ့ပါတယ်။

13552547 292292057779077 657149188 n

မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ ယခင် Trader မှ ယခု Sule Shangri-La Hotel မှ လူဦးရေအယောက် ၅၀၀ Package ဖြစ်လို့ နောက်ခံစာတန်းရေးထိုးခြင်း၊ ပန်းအိုး၊ လျှောက်လမ်းကော်ဇော၊ မင်္ဂလာကိတ်၊ အထူးဧည့်သည်ဝိုင်းအတွက် ပန်းအိုး စတာတွေကို မေတ္တာလက်ဆောင်အဖြစ် ဟိုတယ်မှ ပြုလုပ်ပေးပါတယ်။

13578630 292292101112406 2043538100 n

ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကိုတော့ ဦးပီတာ ဗွီဒီယိုရိုက်ကူးရေးကို ငှားရမ်း၍ ရိုက်ကူးစေခဲ့ပါတယ်။

မင်္ဂလာအချိန်ကတော့ နံနက် ၉း၀၀ နာရီ မှ ၁၁း၀၀ နာရီအထိ၂နာရီကြာ ကျင်းပခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကတော့ ၉း၄၅ မှာ စတင်ထွက်ခဲ့ပါတယ်။ မင်္ဂလာတေးသီချင်းကို ဟေမာနေ၀င်းမှ သီဆိုပြီး မင်္ဂလာအခမ်းအနားမှူးအဖြစ် ဦးသိန်းလှမော် က ဧည့်သည်တော်များအား မင်္ဂလာသြဘာဖတ်ကြားပေးပြီး မင်္ဂလာပန်းကုံးနှင့် မင်္ဂလာလက်စွပ်ကို ဂုဏ်သရေရှိလူကြီးစုံတွဲမှ ဆင်မြန်းပေးကာမင်္ဂလာ အထမြောက် သွားကြောင်း ကြေညာခဲ့ပါတယ်။

13570056 292292064445743 1357909451 o

မင်္ဂလာအကျွေးအမွေးကိုတော့ မုန့် ၅ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်တို့ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်းများပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။

ညနေပိုင်းတွင် wedding dinner ပွဲကို ညနေ ၆ နာရီမှ ည ၉ နာရီအထိ ကျင်းပခဲ့ပါတယ်။ ဧည့်သည် အယောက် ၁၃၀ ကို ဖိတ်ကြားပြီး တရုတ်စာထမင်းဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

ဟန်းနီးမွန်းခရီးစဉ်ကိုတော့ နှစ်ယောက်စလုံးမှ ပင်လယ်ကမ်းခြေသွားရတာကြိုက်တဲ့အတွက်ကြောင့် ချောင်းသာကို ၂ ညအိပ် ၃ ရက်ခရီးသွားခဲ့ပါတယ်။ မင်္ဂလာပွဲ အစမှအဆုံးထိ စုစုပေါင်း သိန်း ၁၃၀ နီးပါးကုန်ကျခဲ့ပါတယ်။

Read 2319 times
Rate this item
(2 votes)

Our Verticals