Monday, 01 August 2016 10:00

Mg Khun Wa Than and Ma The Nu Nu Seinn

ယခုတင်ပြမည့် မင်္ဂလာဆောင်အကြောင်းကတော့ သတို့သား မောင်ခွန်ဝသန် နှင့် သတို့သမီး မသဲနုနုစိမ်းတို့၏ မင်္ဂလာဆောင်အကြောင်းပဲဖြစ်ပါတယ်။

သတို့သားနှင့် သတို့သမီးတို့အကြောင်း

သတို့သားမောင်ခွန်ဝသန်နှင့် သတို့သမီး မသဲနုနုစိမ်းတို့ဟာ Excel Treasure Hotel တွင် မြန်မာဆန်ဆန်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မောင်ခွန်ဝသန်နှင့် မသဲနုနုစိမ်းတို့ဟာ တက္ကသိုလ်အသီးသီးမှ ဘွဲ့ရရှိကြပြီး Travel & Tour Company လုပ်ငန်းခွင်ထဲတွင် နှစ်ယောက်တွေ့ဆုံကြပြီး ချစ်သူသက်တမ်း ၇ နှစ်အကြာ၊ အသက် ၃၄ နှစ်အရွယ်တွင် လက်ထပ်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

သတို့သားက TMIS University Singapore မှာ Tourism Management နဲ့ ကျောင်းပြီးထားပါတယ်။ ယခုလက်ရှိ Business Development Manager (Trading Company) မှာ လုပ်နေပါတယ်။

သတို့သမီးက University of Dagon မှာ B.A English မေဂျာနဲ့ ကျောင်းပြီးထားပါတယ်။ ယခုလက်ရှိ Tour Operation Manager (U Tour Travel Company) မှာ လုပ်နေပါတယ်။

နှစ်ဦးနှစ်ဘက်လူကြီးများ အသိပေးပြီးမှ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ လက်ထပ်ခွင့်ကို မိန်းကလေးအိမ်မှာပဲ တောင်းရမ်းခဲ့တာဖြစ်ပါတယ်။

Excel Treasure Hotel မင်္ဂလာခန်းမကို နှစ်ဦးသဘောတူရွေးချယ်ပြီး ယင်းနေရာတွင် မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

13000New n

Wedding planner, မင်္ဂလာဝတ်စုံနှင့်ဒီဇိုင်း

ချစ်သူတို့အတွက်အနာဂတ် Wedding Planner Company နှင့် Package လုပ်ထားသည့်အတွက် မင်္ဂလာပွဲကို အစမှအဆုံးထိ Wedding Planner မှ အစစအရာရာ တာဝန်ယူခဲ့ခြင်း ဖြစ်ပါတယ်။ မင်္ဂလာဆောင်ဖိတ်စာရိုက်ခြင်း၊ ခန်းမငှားရမ်းခြင်း၊ ခန်းမအပြင်အဆင်၊ မိတ်ကပ်နှင့် ၀တ်စုံများအားလုံးကို အကျိုးဆောင် ကုမဏီမှ အပြည့်အ၀ စီစဉ်ပေးခဲ့ပါတယ်။

ဖိတ်စာကို ၂၀၀ ပြုလုပ်ပြီး ဧည့်သည်အယောက် ၃၀၀ လောက်ဖိတ်ဖြစ်ပါတယ်။ မင်္ဂလာပွဲကို ၂၀၁၆ ခုနှစ်၊ မေလ ၁၅ ရက်တွင် Excel Treasure Hotel တွင် ကျင်းပခဲ့ပါတယ်။

မိတ်ကပ်၊ ပန်း၊ ခန်းမ၊ အခမ်းအနားမှူး၊ မင်္ဂလာဝတ်စုံနှင့် သတို့သားအရံ၊ သတို့သမီးအရံများအတွက် ၀တ်စုံများကိုလည်း အကျိုးဆောင် ကုမ္ပဏီကပဲ အပြီးအစီးပြုလုပ်ပေးပါတယ်။

သတို့သားနှင့် သတို့သမီးတို့က စိမ်းဝါရောင်ဝတ်စုံတွင် ကျောက်များဖြင့် စီချယ်ထားပြီး မြန်မာဆန်ဆန်ဝတ်စုံကိုဝတ်ဆင်၍ သတို့သားအရံ၊ သတို့သမီးအရံ၊ ပန်းကြဲနှင့် ဗန်းကိုင် တို့က ပန်းရောင်ဝတ်စုံကို ၀တ်ဆင်ကြပါတယ်။ မင်္ဂလာဝတ်စုံများအတွက် ငွေကျပ် ၁၀ သိန်း ကုန်ကျခဲ့ပါတယ်။

Pre-wedding ဓာတ်ပုံ၊ မင်္ဂလာဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကို Perfect Match Photo Shop နဲ့ ရိုက်ကူးဖြစ်ပါတယ်။ မင်္ဂလာအချိန်ကတော့ နေ့လယ် ၁ နာရီမှ ၃ နာရီအတွင်း ကျင်းပခဲ့ပါတယ်။ ပွဲတွင် မင်္ဂလာပန်းကုံး၊ လက်ထပ်လက်စွပ်တို့ ဆင်မြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။ အကျွေးအမွေးကတော့ ထောပတ်ထမင်း၊ ကြက်သားနှင့် ရေခဲမုန့် တို့ ဖြင့် လာရောက်သည့် ဧည့်သည်များကို တည်ခင်းဧည့်ခံခဲ့ပါတယ်။ ဟိုတယ်မှ လက်ဆောင်အဖြစ်ပေးသည့် မင်္ဂလာကိတ်ကိုလည်း ခွဲခဲ့ရပါသေးတယ်။

ဟန်းနီးမွန်းခရီးစဉ်ကို ကိုယ့်ဒေသဖြစ်သည့် တောင်ကြီး၊ အင်းလေးနှင့် ရှမ်းပြည်သို့ ခရီးထွက်ခွာခဲ့ပါတယ်။ မင်္ဂလာဆောင်ကုန်ကျစရိတ် စုစုပေါင်း သိန်း ၆၀ ကုန်ကျခဲ့ပါတယ်။

Read 3556 times
Rate this item
(2 votes)

Our Verticals