Monday, 05 September 2016 10:40

Dolphin Restaurant

Dolphin Restaurant သည် ရန်ကုန်မြို့၊ နတ်မောက်လမ်း၊ ကန်တော်ကြီးဝင်းအတွင်း၊

ဗဟန်းမြို့နယ်တွင် တည်ရှိပါသည်။

စားသောက်ဆိုင်တွင် စေ့စပ်မင်္ဂလာပွဲများ၊ လက်မှတ်ရေးထိုးပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ မင်္ဂလာနှစ်ပတ် လည်ပွဲများ၊ အစည်းအဝေးပွဲများ၊ အစရှိသည့် အခမ်းအနား အမျိုးမျိုးကို ကျင်းပနိုင်ပါသည်။

Dolphin Restaurant သည် လူဦးရေ ၁၀၀၀ အထိ ဆန့်သော နေရာဖြစ်သည်။ ဧည့်သည်အယောက် ၂၅၀ အထက်ဆိုလျှင် ခန်းမကြေးမပေးရပါ။ ဧည့်သည်အယောက် ၃၀၀ ဆိုလျှင် ခန်းမကြေးနှင့် နောက်ခံစာတမ်းထိုးခအတွက်ပါ မပေးရပါ။

လူဦးရေ ၂၀၀ ဆိုလျှင် ခန်းမကြေး ကျပ် ၂ သိန်းပေးရပြီး လူဦးရေ ၁၅၀ ဆိုလျှင် ခန်းမကြေး ကျပ် ၃ သိန်း ပေးရမည်ဖြစ်သည်။ စရံအဖြစ် ကျပ် ၃ သိန်းကို အရင်ပေးချေရမည်ဖြစ်သည်။

မင်္ဂလာခန်းမပြင်ဆင်ရန်အတွက် ပန်းအိုးတစ်အိုးလျှင် ကျပ် ၃ သောင်း၊ စာတမ်းရေးထိုးခမှာ ကျပ် ၃ သောင်း၊ တေးဂီတဖျော်ဖြေမှုအတွက် ကျပ် ၃ သောင်း အသီးသီးကုန်ကျမည်ဖြစ်သည်။

မင်္ဂလာအချိန်မှာ နံနက် ၉ နာရီမှ ၁၀ နာရီခွဲတစ်ချိန်၊ မွန်းလွဲ ၁၂ နာရီမှ ၁ နာရီခွဲတစ်ချိန်၊ နေ့လည် ၃ နာရီမှ ၄ နာရီခွဲတစ်ချိန်၊ ည ၆ နာရီမှ ၈ နာရီခွဲတစ်ချိန် အစရှိသဖြင့် ကြိုက်နှစ်သက်ရာအချိန်ကို ယူနိုင်ပါသည်။

စားသောက်ဆိုင်တွင် ညစာစားပွဲအတွက် ၁၀ ယောက်ဝိုင်းတစ်ဝိုင်းကို ၁ သိန်းခွဲ အနည်းဆုံးရှိပါသည်။ စားပွဲဝိုင်း ၂၅ ၀ိုင်းဆိုလျှင် ခန်းမကြေးမပေးရပါ။ နောက်ခံစာတမ်းပါအပြီးရေးထိုးပေးပါတယ်။

အစားအသောက်

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
မုန့် ၄ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်နှင့် ရေခဲမုန့် ၄၉၀၀ ကျပ်
မုန့် ၅ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်နှင့် ရေခဲမုန့် ၅၄၀၀ ကျပ်
Dim Sum ၅၅၀၀ ကျပ် မှ ၅၈၀၀ ကျပ်
ထောပတ်ထမင်း (သို့) ဒံပေါက်၊ အချိုရည် ၅၉၀၀ ကျပ်
ထောပတ်ထမင်း (သို့) ဒံပေါက်၊ ရေခဲမုန့် ၆၃၀၀ ကျပ်

အထက်ပါဈေးနှုန်းများသည် ယခုလက်ရှိဈေးနှုန်းများဖြစ်ပါသည်။ နောက်ထပ် အပြောင်းအလဲ အနည်းငယ်ရှိနိုင်ပြီး ပုံသေမှတ်ယူ၍ မရပါ။

ဗိုလ်ချို ၂ ရပ်ကွက်၊ နတ်မောက်လမ်း၊ ဗဟန်း။

၀၁-၅၄၂၈၉၃၊ ၀၁-၅၄၆၈၉၄

Read 3338 times
Rate this item
(2 votes)

Our Verticals