Thursday, 18 August 2016 07:01

Shwe Pu Zun (Tharketa)

ယနေ့တင်ပြမည့် အကြောင်းအရာကတော့ သာကေတ၊ ဒေါပုံမြို့နယ်ရှိ ရွှေပုစွန်ကိတ်မုန့် နှင့် အအေးဆိုင်တွင် ကျင်းပလို့ရသည့် မင်္ဂလာပွဲအကြောင်းပဲဖြစ်ပါသည်

ရွှေပုစွန် ကိတ်မုန့်နှင့် အအေးဆိုင်တွင် မင်္ဂလာဧည့်ခံပွဲများကို ကျင်းပနိုင်ပါသည်။ မင်္ဂလာခန်းမ တည်နေရာမှာ မင်းနန္ဒာလမ်း၊ ဒေါပုံမြို့နယ် တည်ရှိပါသည်။

ရွှေပုစွန်ဆိုင်တွင် မနက်ခင်းစာစားရင်းမွေးနေ့ကိတ်အစုံနှင့် ကန်တော့ကိတ်များလည်း တစ်နေရာတည်းဝယ်လို့ရပါသည်။

ယင်းနေရာတွင် မင်္ဂလာဧည့်ခံပွဲ၊ စေ့စပ်မင်္ဂလာပွဲ၊ မွေးနေ့မင်္ဂလာပွဲ၊ အစည်းအဝေးခန်းမ၊ ဘာသာရေးအခမ်းအနား နှင့် အခြားဧည့်ခံပွဲများကိုလည်းအသုံးပြုနိုင်ပါသည်။

ခန်းမဈေးနှုန်းများ

ရွှေပုစွန် မင်္ဂလာခန်းမတွင် မင်္ဂလာပွဲ ၃ ချိန် ကျင်းပနိုင်ပါသည်။ နံနက် ၉ နာရီမှ နေ့လည် ၁၁ နာရီတစ်ချိန်၊ မွန်းလွဲ ၁ နာရီမှ ၃ နာရီတစ်ချိန်၊ ညနေ ၄ နာရီမှ ၆ နာရီတစ်ချိန် မိမိကြိုက်နှစ်သက်ရာအချိန်ကိုယူနိုင်ပါသည်။

ခန်းမကြေးကို ၂ သိန်းသတ်မှတ်ထားပြီးတစ်ယောက်ကုန်ကျစရိတ် ၃၅၀၀ ကျပ် သတ်မှတ်ထားပါသည်။ မင်္ဂလာပွဲဧည့်ခံပွဲပြုလုပ်ရန်အတွက် စရံအဖြစ် ၂ သိန်းကိုအရင်ပေးချေထားရပါမည်။ အစားအသောက်အနေဖြင့် မုန့် ၃ မျိုး၊ လက်ဖက်ရည် (သို့) ကော်ဖီ၊ ရေခဲမုန့် တို့ဖြစ်ပါသည်။

ခန်းမအတွင်း ဧည့်သည်အယောက် ၁၇၀ နှင့် reserve ပွဲ အပါအ၀င် လူဦးရေ ၁၉၀ အထိ တစ်ပြိုင်တည်းကျွေးမွေးဧည့်ခံ နိုင်ပါသည်။ ဧည့်ခံပွဲတွင် အခမ်းအနားမှူးကိုမပါမဖြစ် အဆင်ပြေအောင် ဆက်သွယ်ပေးပြီး ကျသင့်ငွေကို ပေးချေရပါမည်။

ဝန်ဆောင်မှုများ

ဝန်ဆောင်မှုများမှာ မင်္ဂလာသီချင်းဖွင့်ခြင်း၊ Stand ပန်းအိုး ၂ လုံး၊ သတို့သား၊ သတို့သမီးခုံရှည် ၁ လုံး။ လက်ဖွဲ့ကောင်တာ ၁ ခု၊ Top-Table (၄) ၀ိုင်းအတွက်ပန်းအိုး (၄) လုံး၊ ဧည့်ခံစားပွဲတိုင်းတွင် ပန်းအိုးအသေး (၁) လုံးစီကိုပန်းအစစ်များ အသုံးပြုပေးထားပါသည်။

နောက်ခံစာတန်းများနှင့် PA system တို့ပါဝင်ပါသည်။ ပွဲချိန်အတွင်းမီးပျက်လျှင် အဆင်ပြေအောင် မီးစက်ကိုလည်းထားရှိပေးထားသည်။

ဆက်သွယ်ရမည့် လိပ်စာ

အမှတ် ၁၄- အေ၊ မင်းနန္ဒာလမ်း၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် - ၀၁-၅၅၃၀၆၂~၄၊ ၀၉-၅၄၀၆၈၄၇

Read 3531 times
Rate this item
(4 votes)

Our Verticals