Thursday, 15 September 2016 09:06

Yangon Sailing Club

မြန်မာနိုင်ငံ လှေလှော်ရွက်တိုက်အသင်းဟာ  ရန်ကုန်မြို့၊ အင်းယားလမ်း၊ ကမာရွတ်မြို့နယ်တွင်

တည်ရှိပါတယ်။

လှေလှော်ရွက်တိုက်တွင် စည်းစိမ်ရှိရှိ သဘာဝလေကိုခံစားရင်း အစားအသောက်များ သုံးဆောင်နိုင်ခြင်း၊ ၀န်ထမ်းများမှ ဧည့်ဝတ်ပျူငှာခြင်း၊ အင်းယားကန်တွင်း ရွက်လွှင့်သူများကိုလည်း ကြည့်ရှုနိုင်ပါတယ်။

ယင်းနေရာတွင် ပါတီပွဲများ၊ ညစာစားပွဲများ၊ မွေးနေ့ပွဲများ၊ မိတ်ဆုံစားပွဲများနှင့် Romantic ဆန်ဆန် မင်္ဂလာဆောင်မည့်သူများ အတွက်လည်း မင်္ဂလာပွဲကို ကျင်းပနိုင်ပါတယ်။

လှေလှော်ရွက်တိုက်တွင် အသင်းဝင်ထားသည့် ဧည့်သည်အယောက် ၃၀၀ ဆန့် ဖိတ်ကြားနိုင်ပြီး အကျွေးအမွေးကို အပြင်မှ မိမိဖိတ်ကြားထားသည့် ဧည့်သည်အရေအတွက်အတိုင်း မှာယူရမှာဖြစ်ပါတယ်။ အခမ်းအနားအပြင်ကိုလည်း ပြင်ပမှ ပြင်ဆင်မည့်သူများကို ငှားရမ်းရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံ လှေလှော်ရွက်တိုက်အသင်းတွင် ၀င်ကြေးကို ဧည့်သည်တစ်ယောက်လျှင် ၅၀၀၀ ကျပ် ပေးရမှာဖြစ်ပါတယ်။

အမှတ်(၁၃၂/က)၊ အင်းယားလမ်း၊ ရန်ကုန်မြို့။

၀၁-၅၂၆၀၅၂၊ ၀၁-၅၁၃၈၉၉

Read 1525 times
Rate this item
(3 votes)

Our Verticals