Tuesday, 31 January 2017 10:19

စားတော်ပွဲ - မြန်မာ၊ ရခိုင် စားဖွယ်စုံ

စားတော်ပွဲ (မြန်မာ၊ ရခိုင်) စားဖွယ်စုံ Restaurant သည် ရန်ကုန်မြို့၊

လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်းအလယ်ဘလောက်တွင် ဖွင့်လှစ်ထားပါတယ်။

ယင်းဆိုင်၏ စားသောက်ဖွယ်ရာများသည် သန့်ရှင်းပြီး ဆိုင်သည် မြို့လယ်ခေါင်တွင်တည်ရှိသည့်အတွက် သွားရေးလာရေးလွယ်ကူစေပါတယ်။

စားတော်ပွဲ Restaurant တွင် စေ့စပ်မင်္ဂလာပွဲများ၊ မွေးနေ့ပွဲများနှင့် ညစာစားပွဲများကိုလည်း ကျင်းပနိုင်ကြောင်း သိရပါတယ်။

စားတော်ပွဲ Restaurant တွင် အပေါ်ထပ်သီးသန့်ဆိုလျှင် လူဦးရေ အယောက် ၅၀ ဆန့်ပြီး အပေါ်ထပ်၊ အောက်ထပ်ဆိုလျှင် လူဦးရေ အယောက် ၈၀ ထိ ဆန့်ကြောင်း သိရပါတယ်။

ခန်းမတွင်း စတိတ်ပြင်ဆင်ခကို သီးသန့်ပေးဆောင်ရမည်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် အပြင်မှ ခေါ်လာပြီး ပြင်ဆင်လျှင်လည်း ရကြောင်း သိရပါတယ်။ ပုလင်းခနှင့် လျှပ်စစ်ပစ္စည်းအတွက် ကုန်ကျစရိတ် ထပ်မံပေးဆောင်ရန် မလိုကြောင်း သိရပါတယ်။

ညစာစားပွဲတွင် Buffet ပုံစံ menu ၁၅ မျိုးဖြင့် တစ်ယောက်ကုန်ကျစရိတ်မှာ Discount ကာလအတွင်း ၈၇၀၀ ကျပ်ဖြစ်ပြီး Discount ကာလပြီးဆုံးချိန်တွင် ၁၂၀၀၀ ကျပ်အထိ  အစားစားရှိကြောင်း သိရပါတယ်။ Discount ကာလမှာ ဧပြီလအထိဖြစ်ကြောင်း သိရပါတယ်။

Buffet ပုံစံ menu ၁၅ မျိုးမှာ ဂဏန်းမဆလာ၊ ပင်လယ်စာအစုံကြွပ်ကြော်၊ French fries၊ Spring roll၊ ပုစွန်အစိမ်းသုပ်၊ ပုစွန်မုန့်ကပ်ကြော်၊ ဝက်သားလုံးချိုချဉ်၊ ကြက်သားလုံးချိုချဉ်၊ ကြက်တောင်ပံဆော့ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်၊ သီးရွက်စုံကြော်၊ ကျောက်ပွင့်သုပ်၊
ကြာဇံကြော်၊ ခေါက်ဆွဲကြော်နှင့် ထမင်းကြော် တို့ကြောင်း သိရပါတယ်။

အမှတ် ၉၂၊ ရွှေတောင်တန်းလမ်း၊ အလယ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

၀၉-၇၉၆၇၉၂၇၄၁၊ ၀၉-၇၇၅၅၇၉၁၉၄

Read 631 times
Rate this item
(1 Vote)
More in this category: « White Rice Restaurant

Our Verticals