Friday, 28 October 2016 09:53

Golden Duck Restaurant (Kan Taw Min Branch)

Golden Duck Restaurant သည် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း၊

ကန်တော်မင်္ဂလာပန်းခြံဝင်း တွင် တည်ရှိပါတယ်။

ယင်းစားသောက်ဆိုင်သည် ဘဲကင်ဖြင့်နာမည်ကြီးပြီး အခြား တရုတ်အစားအစာများနှင့် ထိုင်းအစားအစာကိုလည်း ရနိုင်ပါတယ်။

ယင်းစားသောက်ဆိုင်တွင် မွေးနေ့ပွဲများ၊ ကုမဏီမိတ်ဆုံစားပွဲများ၊ မင်္ဂလာညစာစားပွဲကို ပြုလုပ်နိုင်ပါတယ်။ ဆိုင်ဖွင့်ချိန်မှာ နေ့လည် ၁၁ နာရီမှ ည ၉ နာရီ ၄၅ မိနစ်အထိ ဖြစ်ပါတယ်။

စားသောက်ဆိုင်တွင် စတိတ်စင်မပါလျှင် ဧည့်သည်အယောက် ၁၉၀ ခန့်ဆန့်ပြီး စတိတ်စင်အပါအ၀င်ဆိုလျှင် ဧည့်သည်အယောက် ၁၈၀ ခန့်ဆန့်ပါတယ်။

ညစာစားပွဲကို ဧည့်သည် ၁၀ ယောက်ဝိုင်းတစ်ဝိုင်းကို အနည်းဆုံး တစ်သိန်းနှစ်သောင်းတစ်ထောင့်ငါးရာကျပ်မှ အများဆုံး နှစ်သိန်းသုံးထောင်ကျပ်အထိ ရှိပါတယ်။

တစ်ယောက်ကုန်ကျစရိတ်မှာ ၁ သောင်းကျပ်မှ ၁ သောင်းသုံးထောင်ကျပ်အထိရှိပါတယ်။ ဘဲကင်ဈေးနှုန်းမှာ ၁၂,၆၀၀ ကျပ်နှင့် ဆော့စ်နှင့်ပုစွန်ကြော်တစ်ပွဲကို ၁၂,၀၀၀ ကျပ် ရှိပါတယ်။

ကန်တော်မင်္ဂလာပန်းခြံဝင်း၊ ရွှေတိဂုံဘုရားလမ်း၊ ရန်ကုန်။

၀၁-၂၄၀၂၁၆၊ ၀၁-၇၀၆၄၈၈၊ ၀၉-၇၃၃၃၉၂၃၃

Read 1284 times
Rate this item
(2 votes)

Our Verticals