Friday, 16 September 2016 11:03

Western Park Royal

Western Park Royal သည် ရန်ကုန်မြို့၊ မဟာမြိုင်ကျွန်း၊ ကန်တော်ကြီးဝင်း၊ ဗဟန်း ၃ လမ်း

ဘတ်စ်ကားမှတ်တိုင်အနီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် တည်ရှိပါတယ်။

Western Park Royal ကို ဖွင့်လှစ်သည်မှာ ဆယ့်သုံးနှစ်ကျော်ခန့်ရှိပြီဖြစ်ပါတယ်။ စားသောက်ဆိုင်တွင် ဟင်းအမယ်ပေါင်းများစွာနှင့် တရုတ်အစားများလည်း ရနိုင်ပါတယ်။ ယင်းနေရာတွင် မင်္ဂလာပွဲများ၊ ပါတီပွဲများ၊ မွေးနေ့ပွဲများ၊ မင်္ဂလာညစာစားပွဲများကို ကျင်းပပြုလုပ်လေ့ရှိပါတယ်။

ဒီနှစ်အစပိုင်းတွင်လည်း ဟင်းမထပ်ရအောင် ဟင်းအမယ်အသစ်များကို ဖန်တီးပေးထားသောကြောင့် အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

ယင်းစားသောက်ဆိုင်တွင် ခန်းမများမှာ Royal Hall, Jade Room နှင့် Private Room အခန်းဟူ၍ ၃ ခန်းရှိပါတယ်။ Royal Hall ခန်းမသည် အပေါ်ထပ်တွင်ရှိပြီး ဧည့်သည်အယောက် ၇၀၀ ဆန့် ခန်းမကြေးမှာ နှစ်သိန်းကျပ်ပေးရမှာဖြစ်ပါတယ်။ Jade Room နှင့် Private Room အခန်းမှာ အောက်ထပ်တွင် တည်ရှိပြီး ဧည့်သည်အယောက် ၃၀၀ ဆန့် ခန်းမကြေး တစ်သိန်းခွဲ ပေးရမှာဖြစ်ပါတယ်။

အကျွေးအမွေးကို တစ်ယောက်ကုန်ကျစရိတ် မုန့် ၅ မျိုး၊ ကော်ဖီ၊ ရေခဲမုန့် အပါအ၀င် ၇၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

ညစာစားပွဲကို ၁၀ ယောက်ဝိုင်းတစ်ဝိုင်းကို တရုတ်အစားအစာဖြင့် ကျပ် ၁၇၀,၀၀၀၊ ကျပ် ၁၉၀,၀၀၀၊ ကျပ် ၂၀၀,၀၀၀ ဟူ၍ အစားစားရှိပါတယ်။

ကန်တော်ကြီးဝင်း၊ မဟာမြိုင်ကျွန်း၊ ဗဟန်း ၃ လမ်း ဘတ်စ်ကားမှတ်တိုင်အနီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၅၄၂၆၆၊ ၀၁-၅၅၃၉၃၁၊ ၀၉-၇၃၀၀၆၄၉၁

Read 3479 times
Rate this item
(2 votes)

Our Verticals