Tuesday, 09 August 2016 05:03

M3 Food Centre

M3 စားသောက်ဆိုင်သည် အနောက်ရွှေဂုံတိုင်လမ်းမကြီးပေါ်နှင့် ရွှေတိဂုံဘုရားအနီးတွင် တည်ရှိပါ သည်။ ယင်းစားသောက်ဆိုင်တွင် အာစရိယပူဇော်ပွဲများ၊ တွေ့ဆုံပွဲများ၊ မွေးနေ့ပွဲများ၊ မင်္ဂလာဆောင် များကိုလည်း ကျင်းပနိုင်ပါသည်။

ယင်းအပြင် မိသားစုအပန်းဖြေ ကာရာအိုကေ သီဆိုနိုင်ခြင်း၊ သူငယ်ချင်းများ စုပေါင်း၍ ကာရာအိုကေ သီဆိုခြင်းကိုလည်း M3 စားသောက်ဆိုင်တွင် သွားရောက် အပန်းဖြေနိုင်ပါသည်။

ဝါတွင်းကာလမှလွှဲ၍ မင်္ဂလာဧည့်ခံပွဲများကို စဉ်ဆက်မပြတ် ဤနေရာတွင် ကျင်းပလျက်ရှိသည်။ ဈေးနှုန်းအားဖြင့်လည်း သက်သာပြီး သွားရလာရလွယ်ကူသောနေရာတွင် ရှိခြင်းကြောင့် ဤနေရာကို ရွေးချယ်ကြခြင်းဖြစ်သည်။

မင်္ဂလာခန်းမ

ခန်းမကြေးနှင့် အစားအသောက်ကို သတ်သတ်စီ ပေးချေရမည်ဖြစ်သည်။ ဧည့်သည် အယောက် ၂၀၀ ဆန့် နှစ်နာရီစာ ခန်းမဈေးနှုန်းသည် ၇ သောင်းကျပ် ပေးရပြီး ဧည့်သည် အယောက် ၃၀၀ ဆန့် ခန်းမဈေးနှုန်းကို ကျပ် ၁ သိန်း ပေးရမည်ဖြစ်ပါသည်။

M3 မင်္ဂလာခန်းမတွင် မင်္ဂလာဆောင်လျှင် စရံအဖြစ် ကျသင့်ငွေ၏ တစ်ဝက်ကို အရင်ပေးချေရမည်ဖြစ်သည်။ မင်္ဂလာဆောင်အခမ်းအနား အပြင်အဆင်ကိုတော့ မိမိတို့ ကြိုက်နှစ်သက်သလို ပန်းအိုးတစ်အိုးကို ကျပ် ၂ သောင်းခွဲ ဖြင့် စိတ်ကြိုက်ပန်းအလှ ဒီဇိုင်းများကို ပြင်ဆင်နိုင်ပါသည်။

ကက်ဆက်ဖွင့်ခမှာ ကျပ် ၃ သောင်း ကုန်ကျမည်ဖြစ်သည်။ နောက်ခံစာလုံးဒီဇိုင်းရေးခမှာ မြန်မာစာလုံးချည်းဆိုလျှင် ကျပ် ၃ သောင်းဖြစ်ပြီး တရုတ်နှင့် မြန်မာစာလုံး ဒီဇိုင်းစာလုံး ၂ မျိုးရေးခမှာ ကျပ် ၃ သောင်းခွဲဖြစ်ပါသည်။

 

အစားအသောက်အမျိုးအစား ၃ မျိုးရှိပါသည်။ ၎င်းတို့မှာ အောက်ပါဇယားအတိုင်းဖြစ်ပါသည်။

အစားအသောက်

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
Dimsum၊ ကော်ဖီ၊ ရေခဲမုန့်၊ ရေသန့် ၃၄၀၀ ကျပ်
မုန့် ၅ မျိုး၊ ကော်ဖီ၊ ရေခဲမုန့်၊ ရေသန့် ၄၂၀၀ ကျပ်
ထောပတ်ထမင်း သို့မဟုတ် ဒံပေါက်၊ ရေခဲမုန့်၊ ရေသန့် ၅၁၀၀ ကျပ်

M3 Food Center ဆိုင်ဖွင့်ချိန်သည် နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ဖြစ်ပါသည်။ လိပ်စာမှာ ဗဟန်းအားကစားကွင်း၊ အနောက်ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၉-၈၆၁၄၈၈၄၊ ၀၁-၃၇၅၇၀၀၊ ၀၉-၂၆၀၂၂၅၅၁၁၊ ၀၉-၂၆၀၂၂၆၆၁၁

Read 2262 times
Rate this item
(5 votes)
More in this category: Shwe Pu Zun (Tharketa) »

Our Verticals