Monday, 30 January 2017 10:27

White Rice Restaurant

White Rice Restaurant သည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကန်တော်ကြီးဝင်း၊

မျက်စိဆေးရုံကြီးနှင့် မျက်စောင်းထိုးတွင် တည်ရှိပါတယ်။

White Rice Restaurant တွင် သဘာဝလေကောင်းသန့် စည်းစိမ်ခံစားရင်း အရသာရှိတဲ့ အစားအသောက်များ သုံးဆောင်နိုင်ခြင်း၊ ၀န်ထမ်းများမှ ဧည့်ဝတ်ပျူငှာခြင်း၊ အံ့သြဖွယ်ကောင်းတဲ့ ကန်တော်ကြီးသဘာဝဥယျာဉ်၏ ရှုမျှော်ခင်းကိုလည်း ကြည့်ရှုနိုင်ပါတယ်။

White Rice Restaurant တွင် အစည်းအဝေးပွဲများ၊ ကုမ္ပဏီမိတ်ဆုံစားပွဲများ၊ မွေးနေ့ပွဲများ၊ ညစာစားပွဲများနှင့် မင်္ဂလာပွဲများကို ကျင်းပနိုင်ပါတယ်။

Romantic ဆန်ဆန်ဖြင့် မင်္ဂလာဆောင်မည့်သူများ White Rice Restaurant တွင် မင်္ဂလာပွဲကို ကျင်းပနိုင်ပြီး ယင်းနေရာတွင် ညစာစားပွဲကိုလည်း ကျင်းပနိုင်ပါတယ်။

wr

ယင်းစားသောက်ဆိုင်တွင် မင်္ဂလာညစာစားပွဲကို မြက်ခင်းပြင် သို့မဟုတ် ခန်းမတွင် ကျင်းပနိုင်ပါတယ်။ မြက်ခင်းပြင်တွင် လူဦးရေ အယောက် ၃၅၀ ထိဆန့်ပြီး၊ ခန်းမတွင်းတွင် လူဦးရေ အယောက် ၄၀၀ ထိဆန့်ကြောင်း သိရပါတယ်။

လူဦးရေ ၂၀၀ နှင့် အထက်ဆိုလျှင် ခန်းမကြေးသီးသန့်မပေးရဘဲ၊ လူဦးရေ ၂၀၀ အောက်ဆိုရင် ခန်းမကြေး ကျပ် ၃ သိန်း ကုန်ကျမည်ဖြစ်ကြောင်း သိရပါတယ်။ စရံအဖြစ် ၁ သိန်းကို ကြိုတင်ပေးရပြီး၊ ဟင်းပွဲမှာသည့်နေ့တွင် စရံ တစ်ဝက်ပေးချေရမှာ ဖြစ်ကြောင်း သိရပါတယ်။

မင်္ဂလာပွဲကျင်းပပြီးချိန်တွင် အပြီးအစီးကုန်ကျစရိတ်အားလုံး ရှင်းရမှာဖြစ်ပါတယ်။ ခန်းမတွင်း စတိတ်ပြင်ဆင်ခကို သီးသန့်ပေးဆောင်ရမည်ဖြစ်ပြီး မိမိအစီအစဉ်ဖြင့် အပြင်မှ ခေါ်လာပြီး ပြင်ဆင်လျှင်လည်း ရကြောင်း သိရပါတယ်။

we2

ညစာစားပွဲတွင် Chinese Set Menus ဖြင့် ၁၀ ယောက်ဝိုင်း တစ်ဝိုင်းကို ၁၇၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်အထိ အစားစားရှိကြောင်း သိရပါတယ်။

White Rice Restaurant ကို မနက် ၁၁ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ တစ်ပတ်လုံး ဖွင့်လှစ် ထားကြောင်း သိရပါတယ်။ ဆိုင်တွင် ကာရာအိုကေကိုလည်း သီဆိုနိုင်ပြီး မင်္ဂလာ အချိန်အတွင်း ကုန်ကျစရိတ်မှာ ကျပ် ၁ သိန်းခွဲ ကုန်ကျမည်ဖြစ်ကြောင်း သိရပါတယ်။

 

မျက်စိဆေးရုံကြီးနှင့် မျက်စောင်းထိုး၊ ကန်တော်ကြီးပတ်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၅၆၈၃၇၊ ၀၁-၅၅၆၈၃၈

Read 1649 times
Rate this item
(1 Vote)

Our Verticals