Monday, 03 October 2016 04:08

လေဟာပြင်လက်ထပ်ပွဲကျင်းပရာတွင် သတိပြုရမည့်အချက်များ - ၂

လေဟာပြင်မှာ လက်ထပ်ပွဲကျင်းပတာလောက် ခမ်းနားထည်ဝါတာ မရှိပါဘူး။ ဒါပေမယ့်

လျှပ်စစ်မီးပျက်လပ်မှုတွေ၊ စိတ်မချရတဲ့ ရာသီဥတုအခြေအနေတွေကြောင့် မင်္ဂလာပွဲပျက်ဖို့ ဖန်တီးလာတတ်ပါတယ်။

သင့်အနေနဲ့  ပင်လယ်နားမှာပဲဖြစ်ဖြစ်၊ ရေကန်နဘေးမှာပဲဖြစ်ဖြစ်၊ ခြံထဲမှာဖြစ်ဖြစ်၊ စပျစ်ဥယျာဉ် (သို့) ပန်းခြံထဲမှာဖြစ်ဖြစ် မင်္ဂလာပွဲကျင်းပချင်တယ်ဆိုရင်တော့ သတိထားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

၎။ ကားရပ်နားဖို့နေရာကို စဉ်းစားပါ။

ပင်လယ်ကမ်းခြေများ၊ ပန်းခြံများက နေ့လည်နေ့ခင်းဖက်မှာ အများပြည်သူအတွက် ဖွင့်လှစ်ထားတာကြောင့် ဒါတွေပိတ်မယ့် အချိန်ကို သတိပြုပါ။

သင့်ရဲ့မင်္ဂလာပွဲကျင်းပတဲ့အချိန်မှာ ကားရပ်နားတဲ့နေရာတွေ ပြည့်သွားနိုင်တာကြောင့် ကားထားဖို့ အမိုးအကာတစ်ခု သီးခြားဆောက်ပေးထားသင့်ပါတယ်။

၅။ အစားသောက်တွေက ပွဲရဲ့အချိန်အခါနဲ့ လိုက်ဖက်အဆင်ပြေပါစေ။

အပြင်မှာ ပူအိုက်နေရင် အေးမြလန်းဆန်းစေတဲ့ အစားအသောက်တွေနဲ့အတူ ဖရဲသီး၊ သခွားသီးတို့လို အစာပြေတွေနဲ့ ဧည့်ခံရင် အကောင်းဆုံးပါပဲ။

ချီးစ်ကတော့ နာရီဝက်လောက်ပဲ အလုပ်ဖြစ်မှာပါ။ ရသီဥတု အေးနေရင်တော့ ချောကလက်ပူပူ၊ ဟင်းရည်ပူပူတွေက အကြံကောင်းတွေပါ။

Indoor Wedding မှာ ရာသီဥတုပူစရာမလိုတာကြောင့် မင်္ဂလာကိတ်မုန့်ကို ပွဲချိန်တစ်ခုလုံး ချပြထားလည်း ကိစ္စမရှိပါဘူး။

ဒါပေမယ့် လေဟာပြင်မှာ မင်္ဂလာပွဲလုပ်တဲအခါမှာတော့ မင်္ဂလာကိတ်ကို ဒီလိုပွဲတစ်ချိန်လုံးချပြထားဖို့ အဆင်မပြေနိုင်တာကိုလည်း သတိပြုရမှာပါ။

Read 1860 times
Rate this item
(1 Vote)

Our Verticals