Thursday, 27 October 2016 06:39

သင့်ရဲ့နေ့ထူးနေ့မြတ်မတိုင်မီ လျေ့ကျင့်ထားရမည့် အချက်များ - ၂

လေ့ကျင့်မှုကပြည့်စုံစေပါတယ်။ မင်္ဂလာဆံပင်ထုံးဖွဲ့မှုတွေ၊ မိတ်ကပ်လိမ်းခြယ်မှုတွေအပြင် မင်္ဂလာဝတ်စုံဝတ်ဆင်တာတွေနဲ့

အလုပ်များနေမယ့် သင့်ရဲ့မင်္ဂလာရက်မြတ်မှာ အခက်အခဲမရှိ အားလုံးနေသားတကျ ပြည့်စုံသွားစေဖို့အတွက်ဆိုရင် ကြိုတင်လေ့ကျင်မှုက အရေးကြီးပါတယ်။ အောက်ဖော်ပြပါအချက်တွေကတော့ သင့်ရဲ့နေ့ထူးနေ့မြတ်မတိုင်မီမှာ လုံးဝကြိုတင်လေ့ကျင့်ထားရမယ့် အချက်များ ဖြစ်ပါတယ်။

၆။ သင့်ရဲ့မင်္ဂလာဝတ်စုံကို ဖြန့်ကားထိန်းညှိခြင်း

မလိုလားအပ်ပဲ မြေပေါ်တရွတ်တိုက်ဆွဲမနေဖို့ မင်္ဂလာဝတ်စုံကို ကြိုဝတ်ကြည့်ပြီး လိုအပ်တဲ့နေရာတွေမှာ ချိတ်တွေနဲ့ ထိန်းညှိထားတာတွေ လုပ်သင့်ပါတယ်။ ဒါကတော့ အချိန်ကျလာရင် လိုအပ်တဲ့အခါ သင့်ရဲ့မိခင် (သို့) အကူမိန်းကလေးတစ်ဦးဦးက ထိန်းကိုင်ပေးလို့ရပါတယ်။

၇။ နက်ခ်တိုင်ဝတ်ဆင်ခြင်း

မင်္ဂလာသတို့သားအတွက် ကြိုတင်လေ့ကျင့်ထားရမယ့် အရာပါ။ ဘယ်လို နက်ခ်တိုင်တပ်ရမယ်ဆိုတာ ပွဲမတိုင်ခင် ကျွမ်းကျင်ထားမှ ဖြစ်မှာပါ။

၈။ မင်္ဂလာဖိနပ်ကိုစီးခြင်း

မင်္ဂလာဖိနပ်ကို စီးပြီးလမ်းလျှောက်ကြည့်ပါ။ သင့်ရဲ့မင်္ဂလာဖိနပ်တွေနဲ့ သင့်ခြေဖဝါးအရွယ်အစားနဲ့ ကိုက်တယ်ဆိုတာ သေချာမှဖြစ်မှာပါ။ မကိုက်ရင် ခြေကိုအရည်ကြည်ဖုတွေနဲ့ ပွန်းစေနိုင်လို့ ကြိုတင်စီးကြည့်သင့်ပါတယ်။

၉။ ဧည်သည်တွေကို ဧည့်ခံစကားပြောခြင်း

ဒီအရာက အတော်ခက်ခဲမယ့်အရာပါ။ သင်ဧည့်ခံတဲ့ တချို့ဧည့်သည်တွေက သင်နဲ့စကားစမြည်ပြောရင် ပြောစရာတွေ များနေတတ်ပါတယ်။ သင့်အနေနဲ့ လိုက်လျောမိရင် ဒါက သင့်ရဲ့မင်္ဂလာပွဲပျော်ရွှင်မှုကို အနည်းနဲ့အများ လျှော့ကျစေနိုင်မှာပါ။ သင့်ဧည့်သည်တွေအတွက် တိုတိုနဲ့ နွေးထွေးပျူငှာပြီး ယဉ်ကျေးတဲ့ နှုတ်ဆက်စကားတိုလေးတွေ ကြိုတင်စဉ်းစားပြီး လေ့ကျင့်ထားပါ။ ဒီလိုစကားပြော လိမ္မာတာက သင့်ကို ခင်မင်နှစ်လိုဖွယ်ကောင်းစေသလို ဧည့်ဝတ်ကျေပွန်စေပြီး တစ်ချိန်တည်းမှာပဲ ပျော်ရွှင်တဲ့ သတို့သမီးတစ်ဦး ဖြစ်စေမှာပါ။

၁၀။ အသက်ဝဝရှုပြီး စိတ်ငြိမ်ငြိမ်ထားခြင်း

မင်္ဂလာပွဲဆိုတာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေတာပါ။ ဒါကို မထိန်းတတ်ရင် ပွဲပြီးတဲ့အခါ လိုတာထက် မောပန်းနေတတ်ပါတယ်။ ဒါကြောင့် မင်္ဂလာာပွဲတစ်လျှောက်လုံး တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေးဖြတ်သန်းနိုင်ဖို့ ကြိုင်တင်ပြင်ဆင်ထားသင့်ပါတယ်။

Read 684 times
Rate this item
(0 votes)

Our Verticals