Friday, 30 September 2016 10:30

လေဟာပြင်လက်ထပ်ပွဲကျင်းပရာတွင် သတိပြုရမည့်အချက်များ

လေဟာပြင်မှာ လက်ထပ်ပွဲကျင်းပတာလောက် ခမ်းနားထည်ဝါတာ မရှိပါဘူး။

ဒါပေမယ့် လျှပ်စစ်မီးပျက်လပ်မှုတွေ၊ စိတ်မချရတဲ့ ရာသီဥတုအခြေအနေတွေကြောင့် မင်္ဂလာပွဲပျက်ဖို့ ဖန်တီးလာတတ်ပါတယ်။

သင့်အနေနဲ့  ပင်လယ်နားမှာပဲဖြစ်ဖြစ်၊ ရေကန်နဘေးမှာပဲဖြစ်ဖြစ်၊ ခြံထဲမှာဖြစ်ဖြစ်၊ စပျစ်ဥယျာဉ် (သို့) ပန်းခြံထဲမှာဖြစ်ဖြစ် မင်္ဂလာပွဲကျင်းပချင်တယ်ဆိုရင်တော့ သတိထားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မဏ္ဍပ်ဆောက်ဖို့အတွက် အချိန်မဆွဲပါနဲ့။

လေဟာပြင်မင်္ဂလာပွဲကျင်းပဖို့ဆိုရင် အစီအစဉ်အများကြီးဆွဲဖို့လိုအပ်သလို ငွေကြးအင်အားလည်း လိုအပ်ပါတယ်။ မဏ္ဍပ်ကုမ္ပဏီတွေအနေနဲ့ မဏ္ဍပ်ဆောက်ဖို့ သုံးရက်လောက်အချိန်ယူတတ်ကြသလို မဏ္ဍပ်ငှားရမ်းဖို့အတွက်လည်း ကြိုတင်ဘွတ်ကင်လုပ်ရမှာဖြစ်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းရပါတယ်။

ရာသီဥတုကောင်းမှာပါလို့ ကြိုတင်ခန့်မှန်းပြီး ရက်နီးလို့ ရာသီဥတုအဆင်မပြေမှ ချက်ချင်းထလုပ်တာမျိုးကို ရှောင်သင့်ပါတယ်။ သင့်အနေနဲ့ စနေနေ့မှာ မင်္ဂလာပွဲကျင်းပဖို့ဆိုရင် ဗုဒ္ဓဟူးနေ့လောက်ကတည်းက ဆုံးဖြတ်ပြီးမဏ္ဍပ်ဆောက်ထားမှ အဆင်ပြေမှာပါ။

ထို့အပြင် ကမ်းစပ်မှာ မင်္ဂလာပွဲလုပ်ဖို့ စီစဉ်ထားခဲ့မိပြီး ရာသီဥတုဆိုရွားချိန်နဲ့ ကိုက်နေရင် အသင့်ရွေးချယ်လို့ရမယ့် အစီအစဉ် ၂ ရှိထားရမှာပါဖြစ်ပါတယ်။

လေတိုက်ရာလမ်းကြောင်းကို သတိပြုပါ။  

အခမ်းအနားအလှပြင်ဆင်တဲ့အခါ ဒါကလည်း တကယ်စဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။ အခမ်းအနားပြင်ဆင်တဲ့ ပစ္စည်းအားလုံး ခိုင်ခိုင်ချည်ထားပြီး ချိတ်ဆက်ထားသည်များကို သေချာစွာ ပြုလုပ်ထားသင့်ပါတယ်။

လေတိုက်တဲ့အခါ အလွယ်တကူလွင့်သွားနိုင်မယ့် စက္ကူကတ်တွေကို သုံးတာထက် စားပွဲနေရာတွေပြဖို့ ဘုတ်ပြားငယ်လေးတွေကိုသုံးတာက လေဟာပြင်မင်္ဂလာပွဲအခမ်းအနားတွေအတွက် ပိုအဆင်ပြေမှာဖြစ်ပါတယ်။

အလားတူပဲ လေတိုက်တဲ့အခါ ငြိမ်းသွားမယ့် ဖယောင်းတိုင်မီးတွေ သုံးတာထက် ဘက္ထရီနဲ့ ချိတ်ဆက်ထားတဲ့ မီးဆိုင်းတွေကို သုံးတာအကောင်းဆုံးပါပဲ။

နေပူသည့်နေရာတွင် မင်္ဂလာမဏ္ဍပ်မဆောက်ပါနဲ့။

ကမ်းစပ်တွေ၊ စပျစ်ခြံတွေ (သို့) အမိုးအကာမရှိဘဲခြံဝင်းထဲမှာ နေ့လည်နေ့ခင်း နေပူကျဲကျဲအောက်မှာ မင်္ဂလာပွဲကျင်းပဖို့ဆိုတာ အဆင်မပြေနိုင်ပါဘူး။

အထူးသဖြင့် ဓါတ်ပုံရိုက်ဖို့ ဖြစ်လာတဲ့အခါမှာပေါ့။ ဒါကြောင့် ည ၆ နာရီနောက်ပိုင်းမှ မင်္ဂလာပွဲကျင်းပလျှင် ပိုအဆင်ပြေပါလိမ့်မယ်။

ဒါဆိုရင် အလင်းရောင်က အကောင်းဆုံးအနေအထားမှာရှိနေမှာဖြစ်သလို ဧည့်သည်တွေအနေနဲ့လည်း နေပူဒဏ်ကို ရှောင်လွဲနိုင်မှာပါ။

ပွဲကျင်းပတဲ့နေရာနဲ့ ပတ်သက်လို့ ရည်ရွယ်ချက်အလွန်အကျွံ မထားပါနဲ့။ အရမ်းဝေးလွန်းတဲ့ကမ်းခြေမှာ ကျင်းပတာထက် အသက်အရွယ်မရွေး အလွယ်တကူ လူတိုင်းလာရောက် ပါဝင်ဆင်နွဲလို့ရမယ့် နေရာမျိုးကိုရွေးသင့်ပါတယ်။

Read 2167 times
Rate this item
(1 Vote)

Our Verticals