Monday, 03 October 2016 10:52

ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုပုံစံနေမလဲ

မင်္ဂလာမောင်နှံများ တစ်သက်တာအမှတ်ရစေမယ့် မှတ်တမ်းဓါတ်ပုံလေးတွေရရှိအောင်

ဓါတ်ပုံရိုက်စဉ် ရှိနေသင့်တဲ့ ပုံစံအနေအထားလေးတွေကိုဖော်ပြပေးထားပါတယ်။

ဒါမှလည်း ကိုယ်ကိုတိုင်အပြင် မိမိဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ နောင်ရရှိလာမယ့် မိမိရင်သွေးလေးတွေနဲ့ ပြန်လည်ကြည့်ရှုတဲ့အခါ စိတ်ကြည်နူးကျေနပ်ဖွယ် ပုံရိပ်ကောင်းလေးတွေ ရရှိမှာ ဖြစ်ပါတယ်။ ကဲဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။

 

မင်္ဂလာဆောင်နေ့မတိုင်မီ ပြုံးတတ်အောင် လေ့ကျင့်ထားပါ။

ပြုံးတတ်အောင်လေ့ကျင့်ပါဆိုလို့ ရီစရာဖြစ်နေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လေ့ကျင့်မှုပြုလုပ်ကြည့်ခြင်းဖြင့် ပြီးပြည့်စုံသော အပြုံးတစ်ခုကို ဖန်တီးနိုင်ပါလိမ့်မည်။

သင့်ရဲ့ပင်ကိုယ်ဟန် အပြုံးလေးဖြင့် သဘာဝကျကျလေး မြင်စေချင်ပါတယ်။ ဘာကို ဆိုလိုတာလဲဆိုတော့ သင့်ကိုယ်ပိုင် အပြုံးနဲ့ ပြုံးပြီးဓါတ်ပုံအရိုက်ခံခြင်းဟာသင့်ကို သက်တောင့်သက်တာဖြစ်စေသလို ပိုမိုစွဲဆောင်မှု ရှိပါလိမ့်မယ်။

မိမိကြည့်မယ့်မှန်နဲ့ကပ်လျက် မိမိအနှစ်သက်ဆုံး မိမိရဲ့ဓါတ်ပုံ သို့မဟုတ် မိမိနှစ်သက်တဲ့ နာမည်ကြီးမင်းသမီးတစ်ယောက်ယောက်ရဲ့ ပုံတစ်ပုံကို ကပ်ထားပြီး အဆိုပါပုံအတိုင်းအပြုံးနဲ့ ကိုယ်ဟန်အနေအထားကို ရရှိအောင်လေ့ကျင့်ထားသင့်ပါတယ်။

များများလေ့ကျင့်လေ လုပ်ယူတဲ့အပြုံးမဟုတ်ဘဲ မိမိကိုယ်ပိုင် အကောင်းဆုံး၊ အလှဆုံး ပြုံးတတ်တဲ့ သဘာဝကျကျ အပြုံးတစ်ခုကို သင်ရရှိမှာဖြစ်ပါတယ်။

Read 4716 times
Rate this item
(1 Vote)

Our Verticals