Friday, 16 December 2016 09:43

ဟန်းနီးမွန်းအတွက် အကောင်းဆုံးအကြံပြုချက် - ၃

အောက်ဖော်ပြပါ အချက်အပေါ် သုံးသပ်လေ့လာကြည့်ခြင်းဖြင့်

သင်တို့ မင်္ဂလာဦးဇနီးမောင်နှံအတွက် ပြီးပြည့်စုံသော ပျားရည်ဆမ်းခရီးတစ်ခုကို ဖန်းတီးနိုင်မှာဖြစ်ပါတယ်။

အရင်ဦးဆုံး လေ့လာစူးစမ်းပါ။

ပျားရည်ဆမ်းခရီးစဉ်တွင် ကြင်စဦးဇနီးမောင်နှံတို့ လှိုင်းစီးခြင်း သို့မဟုတ် ယောဂကျင့်တာတွေ လုပ်ချင်နေတုန်းဆိုရင် အခုအချိန်ဟာ အဆိုပါ အတွေ့အကြုံသစ်တွေကို လေ့လာစူးစမ်းလုပ်ကိုင်ဖို့ အချိန်ကောင်းတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် တချို့လုပ်ချင်တာတွေက ကင်စဦးဇနီးမောင်နှံတို့ အရဲစွန့်ပြီး လုပ်သင့်တဲ့အရာတွေ မဟုတ်သေးပါဘူး။ အသက်အန္တရာယ် စိုးရိမ်ရရင်တော့ တချို့ဟာတွေ မလုပ်ပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။

စူပါဟီးရိုးတစ်ယောက် မဟုတ်ပါဘူး။ လက်တွေ့ဆန်ဆန်ပဲလုပ်သင့်ပါတယ်။

ခရီးစဉ် မကြန့်ကြာစေနဲ့။

ဟန်းနီးမွန်းခရီးစဉ်အတွင်း သွားစရာ၊ လုပ်စရာအများကြီး ထည့်သွင်းထားခြင်းမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ခရီးစဉ်ကအပြန် လုပ်ငန်းခွင်ပြန်လည်ဝင်ရဦးမယ်ဆိုတာကို သတိရသင့်ပါတယ်။

ဒါကြောင့် ဇနီးမောင်နှံနှစ်ဦးလုံးအတွက် အမှတ်တရဖြစ်စေမယ့် အစီအစဉ်အချို့ကို ဦးစားပေးပြီး အခြားအသေးအဖွဲတွေအတွက် အနည်းငယ်သာ အချိန်ပေးသင့်ပါတယ်။

Read 714 times
Rate this item
(1 Vote)

Our Verticals