Thursday, 06 October 2016 07:27

ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုပုံစံနေမလဲ - ၎


မင်္ဂလာမောင်နှံများ တစ်သက်တာအမှတ်ရစေမယ့် မှတ်တမ်းဓါတ်ပုံလေးတွေရရှိအောင်

ဓါတ်ပုံရိုက်စဉ် ရှိနေသင့်တဲ့ ပုံစံအနေအထားလေးတွေကို ဖော်ပြပေးထားပါတယ်။

ဒါမှလည်း ကိုယ်ကိုတိုင်အပြင် မိမိဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ နောင်ရရှိလာမယ့် မိမိရင်သွေးလေးတွေနဲ့ ပြန်လည်ကြည့်ရှုတဲ့အခါ စိတ်ကြည်နူးကျေနပ်ဖွယ် ပုံရိပ်ကောင်းလေးတွေ ရရှိမှာ ဖြစ်ပါတယ်။ ကဲဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။

မင်္ဂလာဆောင်နေ့တွင် မျက်လုံးတွေနဲ့လဲ ပြုံးပါ။
ဓါတ်ပုံရိုက်တဲ့အခါတိုင်း မိမိမျက်လုံးနဲ့ ကင်မရာတန်းနေအောင် ဂရုစိုက်ပါ။ သင့်သွားပေါ်သည် မပေါ်သည်က ပြဿနာမဟုတ်ပါ။

အားရပါးရ ရီလိုက်တာဖြစ်ဖြစ် အခြားအရာတစ်ခုဖြစ်ဖြစ် သင်အမှတ်တရ ဖြစ်စေမယ့် အရာတစ်ခုခုကို အပျော်ဖန်တီးလိုက်ပါ။ မင်းရဲ့ မင်္ဂလာဆောင်ပဲလေ။

တစ်ခုခုပျော်ရွှင်စရာ အမှတ်တရလုပ်လိုက်တော့ ကိုယ့်ပုံလေးတွေကို ပြန်ကြည့်ပြီး ပိုပြီးအမှတ်ရစေတာပေါ့။

ကော်ဇောနီပေါ်ကပို့စ်

မော်ဒယ်တစ်ယောက်လို ဟန်မျိုးနဲ့ စတိုင်ထုတ်လိုက်ပါဦး။ ကိုယ်ခနာကိုကင်မရာဘက် မျက်နှာမူလိုက်ပါ။ သင့်ကိုယ်ခနာအလေးချိန်ကို ရှေ့ခြေထောက်ပေါ် အားမပြုဘဲ နောက်ဘက်က ခြေထောက်အပေါ် အားပြုပြီး မျက်နှာကို ပြုံးပြီး ဓါတ်ပုံအရိုက်ခံကြည့်ပါ။

အခြားမိမိနဲ့ သင့်တော်မယ့် ပုံစုံအမျိုးမျိုးကိုလည်း လေ့ကျင့်ကြည့်ပါ။ မိမိအတွက် အဆင်ပြေပြီးလှပမယ့် ကိုယ်ပိုင်ဟန်တစ်ခုကို ရရှိအောင်အထိ လေ့ကျင့်ပြီးရိုက်ပါ။

Read 1905 times
Rate this item
(0 votes)

Our Verticals