Thursday, 17 November 2016 09:12

မင်္ဂလာပွဲလာ ရွှေဧည့်သည်များရှောင်ရန် - ၅

မင်္ဂလာပွဲလာတဲ့ ဧည့်သည်တွေထဲမှာ လူပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ ပါဝင်မှာဖြစ်လို့

သင့်ရဲ့အမူအကျင့်ကို တတ်နိုင်သမျှ အဆင့်အတန်းရှိရှိ ထိန်းသိမ်းပြီးပျော်တတ်ဖို့တော့ လိုပါလိမ့်မယ်။ မင်္ဂလာပွဲမှာ မျက်နှာပျက်စရာတွေ မဖြစ်စေဖို့ ဧည့်သည်တွေအနေနဲ့ အမှားများကို ရှောင်ကြဉ်ကြဖို့ လိုပါအပ်ပါတယ်။

မင်္ဂလာပန်းစည်းကို မရမကလိုက်မဖမ်းပါနဲ့

မင်္ဂလာပန်းစည်းလွှင့်တင်တာကို ဖမ်းရတာက ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် သင်ဖမ်းမိနိုင်ဖို့ အလွန်အကျွံ မကြိုးစားဘဲ သင့်အနီးအနားက လူတွေကို တွန်းတိုက်တာ၊ တံတောင်နဲ့တို့တာတွေကို ရှောင်ကြဉ်သင့်ပါတယ်။

ဘားကနေ ပုလင်းလိုက်ယူမသွားပါနဲ့

ဒီမင်္ဂလာပွဲက ပျော်ပွဲစား မဟုတ်ပါဘူး။ ယမကာကို ပုလင်းလိုက်သွားယူတာကို ဘားစောင့်တွေက သိပ်သဘောကျမှာ မဟုတ်ပါဘူး။ သင့်ရဲ့သောက်သုံးမှုပုံစံကို ပွဲနဲ့အညီ အဆင့်အတန်းမီမီ သောက်သုံးသင့်ပါတယ်။

ကပွဲတွင် တစ်ချိန်လုံး သွားမကပါနဲ့

သင်တစ်ဦးတည်း အပိုင်စားရနေသလို ကပွဲကြမ်းပြင်မှာ တစ်ချိန်လုံး သွားကတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ အခြား အခြားသော သူတွေလည်း ဝင်ကပြီင်္း ပျော်ရွှင်ဖို့ နေရာပေးသင့်ပါတယ်။

မိုက်ရှိတိုင်း ကာရာအိုကေ ၀င်ဆိုခြင်းမလုပ်ပါနဲ့

သီချင်းဆိုဖို့ မိုက်ခွက်ရှိတိုင်း ဝင်ဆိုဖို့ မဟုတ်ပါ။ ဖွင့်ထားတဲ့သီချင်းနောက်ကို မိုက်ခွက်ကိုင်ပြီး လိုက်ဆိုတာကို ရှောင်ကြဉ်သင့်ပါတယ်။

ချွေးနံ့ပျောက်ဆေးမသုံးဖို့ မမေ့ပါနဲ့

မင်္ဂလာပွဲက လူများတဲ့ နေရာဖြစ်သလို မကြာခဏ ပိုမိုပူလောင်အိုက်စပ်ပြီး ချွေးပိုထွက်စေတတ်ပါတယ်။ ချွေးထွက်တဲ့အခါ ချွေးနံ့တွေ၊ ပေါ့ပါးစေဖို့ ချွေးနံ့ပျောက်စေတဲ့ ရေမွှေးကိုသုံးဖို့ ယူသွားသင့်ပါတယ်။

Read 511 times
Rate this item
(0 votes)

Our Verticals