Monday, 12 December 2016 05:00

သတို့သမီး အလှပြင်ဖို့အတွက် အချက်များ

မင်္ဂလာဆောင်မည့် သတို့သမီးများ အမြဲလှပနေစေရန်အတွက် Beauty Saloon 

သို့ သွားရောက် သင့်ပါတယ်။ ၎င်းနောက် အောက်ပါအချက်များကိုလည်း သိထားရန်လိုအပ်ပါတယ်။

အလှအပနှင့်ပတ်သက်သည့်အကြောင်းအရာများ လေ့လာခြင်း

အင်တာနက်နှင့် မဂ္ဂဇင်းများတွင် အလှပြင်ဆိုင် စာရင်းများကို ကြည့်ရှုရွေးချယ်သင့်ပါတယ်။ အခြားအတွေ့ အကြုံရှိသော မိမိမိတ်ဆွေများကိုလည်း မေးမြန်းစုံစမ်းထားသင့်ပါတယ်။ သို့မှသာ မိမိအလှည့်တွင် အဆင်ပြေပြေနှင့် စီစဉ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

အလှပြင်ပစ္စည်းများ ရွေးချယ်ခြင်း

အလှပြင်ဆိုင် စာရင်းများကို ချရေး၍ မိမိနှင့် လိုက်ဖက်သော အလှပြင်ပစ္စည်း အရောင်အသွေး ပစ္စည်းမျိုးစုံ တို့ကို ရွေးချယ်မှတ်သားထားသင့်ပါတယ်။

လိုက်လျောညီထွေ ၀တ်စားဆင်ယင်ခြင်း

မိမိဝတ်ဆင်မည့် အ၀တ်အစားနှင့် လိုက်ဖက်၍ လျောညီထွေမှုရှိသည့် မိတ်ကပ်နှင့် ဆံပင်အရောင်တို့ကို ရွေးချယ်ထားသင့်ပါတယ်။

ငွေရေးကြေးရေးဆွေးနွေးခြင်း

ငွေရေးကြေးရေးနှင့်ပတ်သက်၍ ကုန်ကျစရိတ် မများစေဘဲ ကျစ်လစ်စေရန်နှင့် မိမိအလှ ပိုမိုပေါ်လွင်စေရန် အတွက် သိပ်သိပ်သည်းသည်းဆောင်ရွက်သင့်ပါတယ်။

အလှပြင်ဆိုင်သို့ သူငယ်ချင်းနှင့်အတူသွားခြင်း

အလှပြင်ဆိုင်သို့ သွားရာတွင် မိမိတစ်ယောက်ထဲ သို့မဟုတ် ရင်းနှီးခင်မင်သော မိတ်ဆွေတစ်ယောက် ယောက်ကို ခေါ်သွားသင့်ပါတယ်။ တစ်ယောက်ပို၍ ခေါ်သွားပါက တစ်ယောက်တစ်ပေါက်ဖြစ်ပြီး မိမိ၏ ဆုံးဖြတ်ချက် ပျက်စီးသွားနိုင်သောကြောင့် ဖြစ်ပါတယ်။

Read 1255 times
Rate this item
(1 Vote)

Our Verticals