Friday, 18 November 2016 10:39

Wedding Colours

မင်္ဂလာမောင်နှံများအနေဖြင့် မိမိတို့နှစ်ဦး ကြိုက်သစ်သက်သည့် မင်္ဂလာဝတ်စုံများကို ၀တ်ဆင်ကြလေ့ရှိ ပါတယ်။

အောက်တွင် မင်္ဂလာဝတ်စုံများ၏ အဓိပာယ်ကို ဖော်ပြပေးထားပါတယ်။

မင်္ဂလာဝတ်စုံ အ၀ါရောင်အနုသည် မြင်ရသူ၏ရင်ထဲမှာ စိတ်ကိုလန်းဆန်းစေပါတယ်။ ချစ်ခြင်းရဲ့သင်္ကေတ အရောင်လည်းဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံ အ၀ါရောင်အရင့်သည် စိတ်တည်ငြိမ်ရင့်ကျက်မှုသဘောကိုဆောင်ပြီး ဆန်သစ်ပေါ်လွင်စေပါ တယ်။

မင်္ဂလာဝတ်စုံ သခွားရောင်သည် အမြင်မှာ တက်ကြွလန်းဆန်းစေသော အရောင်ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံ ရွှေရောင်သည် ခမ်းနားခြင်းနှင့်အတူ ထင်ပေါ်ကျော်ကြားခြင်း အဓိပာယ်ကိုဆောင်ပါတယ်။

မင်္ဂလာဝတ်စုံ ငွေရောင်သည် တောက်ပပြီး ဆွဲဆောင်မှုရှိတဲ့သဘောကိုဆောင်ပါတယ်။

မင်္ဂလာဝတ်စုံ ပန်းရောင်သည် ချစ်ခြင်း၏ သင်္ကေတအရောင်လေးဖြစ်ပြီး လှပချစ်စရာကောင်းပါတယ်။

မင်္ဂလာဝတ်စုံ လိမ္မော်ရောင်အနုသည် ကျက်သရေမင်္ဂလာအဖြာဖြာနှင့် တည်ငြိမ်စေတဲ့ အရောင်ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံ လိမ္မော်ရောင်အရင့်သည် ထွန်းလင်းတောက်ပပြီး အမြင်မှာ ဆန်းသစ်တဲ့ အရောင်ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံ ခဲရောင်အနုသည် ခေတ်မီဘိုဆန်စေပြီး စမတ်ကျစေသည့်သဘောကိုဆောင်ပါတယ်။

မင်္ဂလာဝတ်စုံ ခဲရောင်အရင့်သည် အရောင်ငြိမ်ငြိမ်နှစ်သက်သူများအတွက် အဆင်ပြေစေမည့် အရောင် ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံ အနီရောင်အနုသည် ချစ်ခင်စုံမက်ပြီး အချစ်ရဲ့သင်္ကေတအရောင် ဖြစ်ပါတယ်။

မင်္ဂလာဝတ်စုံ အရင့်သည် မိမိကိုယ်မိမိယုံကြည်မှုရှိပြီး တက်ကြစေသည့် သဘောဆောင်တဲ့ အရောင်ဖြစ်ပါတယ်။

Read 1864 times
Rate this item
(0 votes)

Our Verticals