Friday, 16 September 2016 09:15

Pre-wedding Tips

မင်္ဂလာမောင်နှံ အမှတ်တရရှိစေရန်

အကြိုဓာတ်ပုံရိုက်ခြင်း

မင်္ဂလာမဆောင်ခင် မင်္ဂလာအမှတ်တရနေ့ရက်များ ကျန်ရှိနေစေရန်အတွက် အကြိုဓာတ်ပုံ ရိုက်ခြင်းသည် လည်း မင်္ဂလာစုံတွဲများအတွက် အရေးကြီးပါတယ်။

အကြိုဓာတ်ပုံနှင့် ဗီဒီယိုအား ဆလိုက်ဖြင့် ပြသခြင်း

မင်္ဂလာမဆောင်ခင် ကြိုတင်ရိုက်ကူးထားသော အကြိုဓာတ်ပုံများအား မင်္ဂလာခန်းမအတွင်း ဧည့်သည်များ နေရာချထားနေချိန်တွင် ပရိုဂျက်တာနှင့် ဆလိုက်ရှိုးပြသမှုများလည်း ဒီဘက်ခေတ်တွင် ရေပန်းစားလာပါတယ်။

အကြိုဓာတ်ပုံများလှပစေရန် အတွင်းတွင်သာမက အပြင်တွင် ရိုက်ကူးလာခြင်း

ယနေ့ခေတ်တွင် စုံတွဲများအား အကြိုဓာတ်ပုံများကို စတူဒီယိုခန်းမတွင်သာမက အပြင်ဘက် နေရာကောင်း ကောင်းနှင့် ရှုခင်းကောင်းကောင်းများတွင် စိတ်ကူးယဉ်ဆန်ဆန် အလှဓာတ်ပုံများကို အရိုက်များလာကြ ပါတယ်။

အကြိုဓာတ်ပုံကို လှလှပပအဖြစ် ရိုက်ကူးခြင်း

မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနှင့် ကျင်းပကြသည့်အပြင် အကြိုဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူး ရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လှလှပပအဖြစ် အရိုက်များလာကြပါတယ်။

ဓာတ်ပုံရိုက်ရာတွင်လည်း မင်္ဂလာဝတ်စုံအရောင်များ ရွေးချယ်ရိုက်ကူးလာခြင်း

အကြိုဓာတ်ပုံ ရိုက်ကူးရာတွင်လည်း သတို့သမီးနှင့် လိုက်ဖက်မည့် အရောင်များအဖြစ် အဖြူရောင်၊ အ၀ါရောင်၊ ပန်းရောင်၊ စိမ်းပြာရောင်၊ ကျောက်စိမ်းရောင်နှင့် ခရမ်းဖျော့ရောင်များကိုလည်း ရွေးချယ်ဝတ်ဆင်၍လည်း ရိုက်ကူးလာကြပါတယ်။

အကြိုဓာတ်ပုံရိုက်ကူးခြင်းဖြင့် ပွဲနေ့တွင်စိတ်လှုပ်ရှားစရာမလိုခြင်း

အကြိုဓာတ်ပုံ ရိုက်ဖူးထားတဲ့အတွက်ကြောင့် မင်္ဂလာဆောင်သည့်နေ့ ဓာတ်ပုံရိုက်ရာတွင်လည်း စိတ်လှုပ်ရှား စရာမလိုဘဲ အလှပဆုံးဖြစ်တဲ့ ဓာတ်ပုံများ ရရှိပါလိမ့်မယ်။

အကြိုဓာတ်ပုံများကို နေရာအနှံ့အပြားတွင် ရိုက်ကူးလာခြင်း

အကြိုဓာတ်ပုံရိုက်ကူးမှုကို ရန်ကုန်မြို့အပြင် ပဲခူး၊ မန္တလေး၊ ပြင်ဦးလွင်၊ ပုဂံ-ညောင်ဦးနှင့် ကမ်းခြေတို့တွင်လည်း ရိုက်ကူးမှုများ ပြုလုပ်လာကြပါတယ်။

Read 956 times
Rate this item
(0 votes)

Our Verticals