Monday, 17 October 2016 06:40

လက်တွဲဖော်ကို ကြိုတင်မေးသင့်တဲ့မေးခွန်း - ၃

သင့်ကိုလက်ထပ်ခွင့်တောင်းတဲ့အချိန်ကစပြီး သင်နဲ့ သင့်ချစ်သူဟာ ငွေကိုဘယ်လိုစီမံပြီး သုံးစွဲသွားကြမယ်၊

ဘယ်သူတွေက အိုခွက်ပန်းကန်တွေ ဆေးကြောသန့်စင်ဖို့ တာဝန်ယူမယ်၊ ကလေးတွေ လိုအပ်မယ်၊ မလိုအပ်ဘူး စတဲ့ ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြပြီး ဖြစ်မှာပါ။

ဒါပေမယ့် လက်မထပ်ခင်မှာ သင်မမေးခဲ့တဲ့ မေးသင့်တဲ့မေးခွန်း ၅ ခုရှိတယ်လို့ နားလည်ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

- လက်ထပ်လက်စွပ်ကို တစ်ချိန်လုံး ဝတ်ထားရမလား (သို့) ချွတ်ထားလိုက်ဖို့ အဆင်ပြေမလား။

လက်ထပ်လက်စွပ်ကို တစ်ချိန်လုံး ဝတ်စေချင်ကြပါတယ်။

ဒါပေမယ့် အားကစားတွေလုပ်တဲ့အခါ ဝတ်ထားဖို့ဆိုတာ အဆင်မပြေပြန်ပါဘူး။

တစ်ခါတလေ လက်ထပ်လက်စွပ် ချွတ်ထားမှပဲ အဆင်ပြေမယ့် အချိန်၊ အခြေအနေတွေ ရှိတတ်ပါတယ်။

ဒါကြောင့် ဒီလိုအခြေအနေတွေမှာ တစ်ဦးနဲ့တစ်ဦး လေးစားချစ်ခင်မှုမပျက်စေဖို့ ကြိုတင်တိုင်ပင်ထားကြရမှာပါ။

 

Read 4560 times
Rate this item
(2 votes)

Our Verticals