Friday, 07 October 2016 06:48

ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုပုံစံနေမလဲ - ၅

မင်္ဂလာမောင်နှံများ တစ်သက်တာအမှတ်ရစေမယ့် မှတ်တမ်းဓါတ်ပုံလေးတွေရရှိအောင်

ဓါတ်ပုံရိုက်စဉ် ရှိနေသင့်တဲ့ ပုံစံအနေအထားလေးတွေကို ဖော်ပြပေးထားပါတယ်။

ဒါမှလည်း ကိုယ်ကိုတိုင်အပြင် မိမိဆွေမျိုးသားချင်းတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ နောင်ရရှိလာမယ့် မိမိရင်သွေးလေးတွေနဲ့ ပြန်လည်ကြည့်ရှုတဲ့အခါ စိတ်ကြည်နူးကျေနပ်ဖွယ် ပုံရိပ်ကောင်းလေးတွေ ရရှိမှာ ဖြစ်ပါတယ်။ ကဲဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။

မျက်ခုံးနဲ့ မျက်လုံးပေါ်လွင်နေပါစေ

 

သင့်ရဲ့ မေးစေ့နဲ့လည်ပင်းကို ကင်မရာဆီသို့ အနည်းငယ် မျက်နှာမူလိုက်ပါ။

မျက်လုံးတွေကို ကျယ်ကျယ်လွင့်လွင့် ဖွင့်ထားလိုက်သလို မျက်ခုံးလေးကိုပါ အနည်းငယ် မြှင့်လိုက်ပါ။ ဒါဆိုရင် သင့်ရဲ့ ဓါတ်ပုံဟာ မျက်ခုံး၊ မျက်လုံးပေါ်ပေါ်လွင်လွင်နဲ့ လှပနေပါလိမ့်မယ်။

လည်ပင်းကိုဆန့်ထားပါ

 

လည်ပင်းဆန့်ထားနိုင်စေရန်အတွက် ကင်မရာဆီသို့ မျက်နှာမူသည့်အခါ သင့်ပခုံးကို အနည်းငယ် နှိမ့်ထားလိုက်ပြီး မေးစေ့ကို အနည်းငယ် မြှင့်တင်ခြင်းအားဖြင့် ဓာတ်ပုံတွင် လှပသောပုံကို မြင်တွေ့ရပါလိမ့်မယ်။

Read 509 times
Rate this item
(0 votes)

Our Verticals