Friday, 28 October 2016 08:18

မင်္ဂလာပွဲလာ ရွှေဧည့်သည်များရှောင်ရန်

မင်္ဂလာပွဲအတွက် ပျော်ရွှင်ပြီးအထောက်အကူပေးနိုင်တဲ့ ဧည့်သည်တစ်ဦးအဖြစ်ရှိနေစေဖို့

မှားလေ့မှားထရှိတဲ့ အမှားတွေကို ရှောင်ကြဉ်သင့်ပါတယ်။

မင်္ဂလာပွဲဆိုတာ အပျော်တွေနဲ့ဖန်တီးထားတဲ့ပွဲမျိုးဆိုတာကို သင်သိထားလို့ သင့်လက်ထဲကို မင်္ဂလာဖိတ်စာရောက်လာတဲ့အခါ ပျော်မိမှာပါ။

မင်္ဂလာပွဲမှာ ခင်းကျင်းဧည့်ခံတဲ့အစားအသောက်ကောင်းတွေ သုံးဆောင်နိုင်မှာဖြစ်သလို၊ မိတ်ဆွေသူငယ်ချင်းဟောင်းတွေနဲ့ တွေ့ဆုံရနိုင်တဲ့ အခွင့်အရေးပါပဲ။

ဒါ့အပြင် ဒီလိုပွဲမျိုးက သင်သိတဲ့သူနှစ်ဦး နှစ်ကိုယ်တူချစ်ကြင်ကြပြီး ဘဝတစ်သက်တာရွှေလက်တွဲဖို့ ဆုံးဖြတ်ကြတဲ့ လှပတဲ့အခမ်းအနားလည်းဖြစ်ပါတယ်။

မင်္ဂလာပွဲမှာ လွတ်လွတ်လပ်လပ်ပါဝင်ဆင်နွဲလို့ရပါတယ်။ ဒါပေမယ့် မင်္ဂလာပွဲလာတဲ့ဧည့်သည်တွေထဲမှာ လူပေါင်းစုံ၊ အသက်အရွယ်ပေါင်းစုံ ပါဝင်မှာဖြစ်လို့ သင့်ရဲ့အမူအကျင့်ကို တတ်နိုင်သမျှ အဆင့်အတန်းရှိရှိ ထိန်းသိမ်းပြီး ပျော်တတ်ဖို့တော့လိုပါလိမ့်မယ်။

အစားအသောက်ကောင်းတွေ သုံးဆောင်ဖို့နဲ့ ပျော်ပွဲရွှင်ပွဲတစ်ခုလို ဆင်နွဲဖို့ထက် မင်္ဂလာမောင်နှံနှစ်ဦးရဲ့ ကတိသစ္စာဆိုမှုတွေကို ထောက်ခံအားပေးချီးမြောက်ဖို့ သင်ရောက်လာတာဖြစ်ပါတယ်။

ဒါကြောင့် မင်္ဂလာပွဲမှာ မျက်နှာပျက်စရာတွေမဖြစ်စေဖို့ ဧည့်သည်တွေအနေနဲ့အမှားများကို ရှောင်ကြဉ်ကြဖို့ လိုပါတယ်။

Read 589 times
Rate this item
(0 votes)

Our Verticals