Wednesday, 12 October 2016 09:16

လက်တွဲဖော်ကို ကြိုတင်မေးသင့်တဲ့မေးခွန်း

သင့်ကို လက်ထပ်ခွင့်တောင်းတဲ့အချိန်ကစပြီး သင်နဲ့ သင့်ချစ်သူဟာ ငွေကိုဘယ်လိုစီမံပြီး

သုံးစွဲသွားကြမယ်၊ ဘယ်သူတွေက အိုခွက်ပန်းကန်တွေ ဆေးကြောသန့်စင်ဖို့ တာဝန်ယူမယ်၊ ကလေးတွေ ဘယ်အချိန်မှာ လိုအပ်မယ်၊ မလိုအပ်ဘူး စတဲ့ ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြပြီးဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် လက်မထပ်ခင်မှာ သင်မမေးခဲ့တဲ့ မေးသင့်တဲ့မေးခွန်း ၅ ခုရှိတယ်လို့ နားလည်ကျွမ်းကျင်သူတွေက ဆိုပါတယ်။

- အားလပ်ရက်တွေမှာ အတူဘယ်လိုဖြတ်သန်းကြမလဲ

မင်္ဂလာဆောင်ပြီး အချိန်ရောက်မှ အားလပ်ရက်အစီအစဉ်အတွက် ဆွေးနွေးရင် လင်မယားနှစ်ဦးကြား ကတောက်ကဆဖြစ်နိုင်ပါလိမ့်မယ်။

၎င်းအပြင် မလိုလားအပ်တဲ့ ဆက်ဆံရေး အဖုအထစ်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါတွေကို ရှောင်ရှားဖို့ ဟန်းနီးမွန်း ဘယ်ကိုသွားမယ်၊ အားလပ်ရက်မှာ ဘာတွေလုပ်ကြမယ်ဆိုတာကို မင်္ဂလာမဆောင်ခင် ကတည်းက နှစ်ဦးသဘောတူ ဆွေးနွေးဆုံးဖြတ်ထားကြမှ အဆင်ပြေပါလိမ့်မယ်။

Read 1722 times
Rate this item
(0 votes)

Our Verticals