Monday, 10 October 2016 07:57

လေဟာပြင်လက်ထပ်ပွဲကျင်းပရာတွင် သတိပြုရမည့်အချက်များ - ၎

လေဟာပြင်မှာ လက်ထပ်ပွဲကျင်းပတာလောက် ခမ်းနားထည်ဝါတာ မရှိပါဘူး။

ဒါပေမယ့် လျှပ်စစ်မီးပျက်လပ်မှုတွေ၊ စိတ်မချရတဲ့ ရာသီဥတုအခြေအနေတွေကြောင့် မင်္ဂလာပွဲပျက်ဖို့ ဖန်တီးလာတတ်ပါတယ်။

သင့်အနေနဲ့ ပင်လယ်နားမှာပဲဖြစ်ဖြစ်၊ ရေကန်နဘေးမှာပဲဖြစ်ဖြစ်၊ ခြံထဲမှာဖြစ်ဖြစ်၊ စပျစ်ဥယျာဉ် (သို့) ပန်းခြံထဲမှာဖြစ်ဖြစ် မင်္ဂလာပွဲကျင်းပချင်တယ်ဆိုရင်တော့ သတိထားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

မင်္ဂလာဝတ်စုံကို ဖြစ်သလို မ၀တ်ပါနဲ့

လေဟာပြင်မင်္ဂလာပွဲမှာ ဖုန်တွေ၊ မြက်တွေ၊ အညစ်အကြေးတွေ ကပ်ပါနိုင်မယ့် ဝတ်ရုံရှည်တွေကို ၀တ်တာထက် ခပ်တိုတို မင်္ဂလာဝတ်စုံက ပိုသန့်ရှင်းစေပြီး ပိုအဆင်ပြေမှာပါ။

သတို့သမီးအရံများအနေနဲ့လည်း သတို့သမီးပုံစံအတိုင်း ၀တ်စုံကို အတူတူ ၀တ်ဆင်သင့်ပါတယ်။

ဖိနပ်စီးရာမှာလည်း ဒေါက်ဖိနပ်တွေက ကမ်းခြေလိုနေရာတွေ၊ နောက်ဖေးခြံဝင်းလိုနေရာတွေက မြေနုနု၊ သဲနုနုတွေထဲ အလွယ်တကူနှစ်ဝင်သွားနိုင်လို့ သတိထားသင့်ပါတယ်။

ပါးပါးလျလျ ဖိနပ်တွေက ပိုသင့်တော်ပါလိမ့်မယ်။ မျက်နှာအကာအရံကလည်း ကမ်းခြေလို၊ တောင်ကုန်းလို လေပြင်းတိုက်တတ်တဲ့ နေရာတွေမှာ ပွဲကျင်းပတဲ့အခါ သင့်မျက်နှာကို ရှည်လျားတဲ့ ပိုးချည်တွေက ရိုက်ခတ်တတ်တာဖို့ ခပ်တိုတိုနဲ့ ချစ်စရာကောင်းတဲ့ ခေါင်းစွပ်အကာအရံလေးတွေသုံးတာ ပိုကောင်းအဆင်ပြေပါလိမ့်မယ်။

Read 355 times
Rate this item
(0 votes)

Our Verticals