Friday, 30 September 2016 08:33

Bridegroom Tips - 2

မင်္ဂလာပွဲတစ်ပွဲပြုလုပ်မည်ဆိုလျှင်ဖြင့် မိဘများ၊ သတို့သားနှင့်

သတို့သမီးတို့တွင် လုပ်ဆောင်စရာများအပြားရှိကြပါ လိမ့်မယ်။

မင်္ဂလာမောင်နှံစီးမည့်ကားကို ဘယ်သူစီစဉ်ပေးမှာလဲ။

လက်ထပ်မည့်နေ့တွင် သယ်ယူပို့ဆောင်ရေးအတွက် လက်ထပ်မင်္ဂလာကားကို ကြိုတင်စီစဉ်ပေးရမှာလည်း သတို့သားရဲ့ တာဝန်ဖြစ်ပါတယ်။

မင်္ဂလာမောင်နှံအတွက် ၀တ်စုံကို ဘယ်သူစီစဉ်ပေးမှာလဲ။

သူဟာတကယ်လို့ အ၀တ်အစားကိုနှစ်သက်သူဖြစ်မယ်ဆိုရင် သူလက်ထပ်တဲ့နေ့မှာ သူနှစ်သက်ရာ အ၀တ်အစား များကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။

ဆွေမျိုးတွေကိုဧည့်ခံရမှာ ဘယ်သူ့တာဝန်လဲ။

နှစ်ဖက်မိဘ ဆွေမျိုးတွေကြားတွင် အဆင်ပြေအောင် စေ့စပ်ညှိနှိုင်းပေးရမယ့်တာဝန်လည်း သတို့သားမှာရှိပါတယ်။ ရပ်ဝေးမှ ရောက်ရှိလာတဲ့ဆွေမျိုးများကို လိုက်ပို့ပြသ ဧည့်ခံရမယ့်တာဝန်လည်း သတို့သားမှာ ရှိပါတယ်။

ပွဲနေ့တွင် ဘယ်လိုပုံစံဖြင့် ဓာတ်ပုံများကို ပြသမလဲ။

ဧည့်သည်များကို သတို့သား၊ သတို့သမီးတို့၏ ငယ်ဘ၀ပုံရိပ်များအပြင် ချစ်ခင်နှစ်သက်လာပုံအဆင့်ဆင့် တို့ကိုလည်း ဒီဂျစ်တယ်ဖြင့် ပြရန်လိုအပ်ပါတယ်။

ပုံမှန်အားဖြင့် လက်ထပ်မင်္ဂလာပွဲ ခေတ်မီစေရန်အတွက် သတို့သားရဲ့ ဆုံးဖြတ်ချက်များကို သာမက သတို့သမီးရဲ့ လိုအင်ဆန္ဒများကိုလည်း ထည့်သွင်းဆုံးဖြတ်ရပါမယ်။ နောက်ဆုံးတော့ လက်ထပ်မင်္ဂလာပွဲဟာ သင်တို့ နှစ်ယောက်စလုံး ပိုင်ဆိုင်တဲ့ပွဲဖြစ်ပါတယ်။

Read 3115 times
Rate this item
(3 votes)

Our Verticals