Monday, 24 October 2016 07:37

Outdoor Wedding Places

တစ်ဦးနှင့်တစ်ဦး အကြိုက်ချင်းမတူညီကြပါ။ မင်္ဂလာခန်းမထဲတွင် မိမိစိတ်ကြိုက်အခမ်းအနားအပြင်အဆင်နှင့်

ပုံစံအမျိုးမျိုး ဖော်ကြသလိုပဲ လေဟာပြင်တွင်လည်း ပူဖောင်းကလေးများဖြင့် အခမ်းအနားအပြင်ကိုလည်း ကြိုက်နှစ်သက်သည့်သူများလည်း ရှိပါတယ်။ အောက်တွင် လေဟာပြင်တွင် ကျင်းပလို့ရနိုင်တဲ့ နေရာများကို ဖော်ပြပေးလိုက်ပါတယ်။

Chatrium Hotel

မင်္ဂလာညစာစားပွဲကို ရေကူးကန်ဘေးတွင် လူဦးရေ ၁၅၀ ရှိလျှင် ကျင်းပနိုင်ပါတယ်။ ရန်ကုန်ရဲ့ တစ်ခုတည်းသော ရေကူးကန်ဘေးက မင်္ဂလာညစာစားပွဲ ကျင်းပနိုင်တဲ့ နေရာပါ။ ညစာစားပွဲ တစ်ယောက်ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃၅ ကျသင့်မှာဖြစ်ပါတယ်။

အမှတ် ၄၀၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၄၄၅၀၀၊ ၀၁-၅၄၄၄၀၀

မြရိပ်ညိုဟိုတယ်

မြက်ခင်းပြင်တွင် မင်္ဂလာပွဲကျင်းပလျှင် ဧည့်သည်အယောက် ၃၀၀ အောက်ဆိုလျှင် ကျပ် ၅ သိန်းကို ပေးချေရမည်ဖြစ်ပြီး ၃၀၀ အထက်ဆိုလျှင် ပေးစရာမလိုပါ။ မင်္ဂလာဆောင်အတွက် မင်္ဂလာပွဲမတိုင်ခင် ၁၀ ရက်အလိုတွင် အရင်စရံငွေအဖြစ် ၅ သိန်းကို အရင်ပေးချေထားရမည် ဖြစ်ပါတယ်။

ထောပတ်ထမင်းဆိုရင်လူတစ်ယောက်အတွက် ၁၅၀၀၀ ကျပ်၊ ဘူဖေးဆိုရင် လူတစ်ယောက်အတွက် ၃၅၀၀၀ ကျပ်၊ တရုတ်အစားအစာဆိုရင် လူတစ်ယောက်အတွက် ၂၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

အမှတ် ၂၀၊ ပုလဲလမ်းမကြီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - ၀၁-၅၄၈၃၁၀၊ ၀၁-၅၄၈၃၁၇

Kandawgyi Palace Hotel

မင်္ဂလာညစာစားပွဲကို ဟိုတယ်ရှိ ရေကန်အနီး ဥယျာဉ်တွင် ကျင်းပနိုင်ပါတယ်။

ညစာစားပွဲအတွက် ၃၅ ဒေါ်လာမှ ၃၈ ဒေါ်လာ (အာရှအစားအစာ၊ ထိုင်းအစားအစာ၊ တရုတ်အစားအစာ)

အောက်တိုဘာလတွင် ပရိုမိုးရှင်း ရှိပါတယ်။ ဟိုတယ်တွင် တစ်ညတာတည်းခိုခွင့်နှင့် နံနက်စာ ဘူဖေးအခမဲ့ ၀န်ဆောင်မှုပေးပါတယ်။ ဟိုတယ်တွင် ၁၅% discount ပေးထားပါတယ်။ Pre-wedding ဓာတ်ပုံရိုက်လို့လည်း ရပါတယ်။

ကန်တော်ကြီးကမ်းစပ်အနီး၊ ကန်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
၀၁-၂၄၉၂၅၅~၉၊ ၀၁-၃၉၄၈၃၇~၉

Read 686 times
Rate this item
(0 votes)

Our Verticals