Friday, 14 October 2016 04:37

Karaweik Palace

Karaweik Palace သည် ရန်ကုန်မြို့၊ ကန်တော်ကြီးဝင်းအတွင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တည်ရှိပါတယ်။

မြန်မာဆန်ဆန်မင်္ဂလာဆောင်မည့်သူများအတွက် ယင်းနေရာတွင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များရှိခြင်း၊ ရှုခင်းလှပမှုရှိခြင်းကြောင့် မင်္ဂလာမောင်နှံအတွက် ဓာတ်ပုံကောင်းများ ရိုက်နိုင်သည့် နေရာတစ်ခုဖြစ်ပါတယ်။

ယင်း Karaweik Palace တွင် ကုမဏီအစည်းအဝေးပွဲများ၊ မိသားစုမိတ်ဆုံစားပွဲများ၊ မွေးနေ့ပွဲများ၊ စေ့စပ်မင်္ဂလာပွဲများနှင့် လက်ထပ်မင်္ဂလာပွဲများကို ကျင်းပသည့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

မင်္ဂလာအချိန်များကို နံနက် ၉ နာရီမှ နေ့လည် ၃ နာရီအထိ ကြိုက်နှစ်သက်တဲ့ အချိန် ၂ နာရီကြာ ယူလို့ရနိုင်ပါတယ်။

မင်္ဂလာခန်းမဈေးနှုန်းများမှာ ဧည့်သည်အယောက် ၂၀၀ နှင့် အထက်ဆိုလျှင် ခန်းမကြေး ၇ သိန်း ပေးဆောင်ရမည်ဖြစ်ပြီး ဧည့်သည်အယောက် ၂၀၀ အောက်ဆိုလျှင် ခန်းမကြေး ၁၀ သိန်းကို ပေးချေရမှာဖြစ်ပါတယ်။

မင်္ဂလာဆောင်ဖို့ သေချာပြီဆိုရင်ဖြင့် စရံငွေအဖြစ် ငါးဆယ်ရာခိုင်နှုန်းကို အရင်ပေးချေထားရမှာဖြစ်ပါတယ်။

မင်္ဂလာပွဲနှင့် ပတ်သက်သည့် အစီအစဉ်များနှင့် ခန်းမအပြင်အဆင်များကို စိတ်တိုင်းကျ မိမိအစီအစဉ်ဖြင့် ကိုယ်တိုင်အခမ်းအနားပြင်ဆင်ရမည်ဖြစ်ပြီး Karaweik Palace မှ နောက်ခံစာသားရေးပေးခြင်းနှင့် သတို့သမီးအတွက် မိတ်ကပ်အခန်းကိုတော့ စီစဉ်ပေးမှာဖြစ်ပါတယ်။

ညစာစားပွဲကို ညနေ ၆ နာရီမှ ည ၉ နာရီအထိ ဖြစ်ပါတယ်။ ညစာစားပွဲတွင် International Buffet ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးလျှင် ဧည့်သည်အယောက် ၂၀၀ အထိကို သိန်း ၇၀ ကျသင့်မှာဖြစ်ပါတယ်။

အစားအသောက်ဈေးနှုန်း

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
မုန့် ၃ မျိုးမှ မုန့် ၆ မျိုးအထိနှင့် ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် ၁၀,၀၀၀ ကျပ် မှ ၁၅,၀၀၀ ကျပ်
ဒံပေါက်၊ ထောပတ်ထမင်းနှင့် ရေခဲမုန့် ၁၅,၀၀၀ ကျပ်

ကန်ရိပ်သာလမ်း၊ ကန်တော်ကြီးဝင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁-၂၉၅၇၄၄၊ ၀၁-၂၄၉၂၅၅~၉၊ ၀၁-၃၉၄၈၃၇~၉

Read 2273 times
Rate this item
(4 votes)

Our Verticals