Monday, 26 December 2016 04:38

Royal Green River Cruise

Royal Green River Cruise သည် ရန်ကုန် ဗိုလ်တထောင်ဆိပ်ကမ်းမှစထွက်ပြီး

မြို့စွန် သံလျင်တံတားနား အထိကို သွားတဲ့ မြို့တွင်းခရီးလှည့်လည်ကြည့်ရှုသည့် သင်္ဘောဖြစ်ပါတယ်။

ယင်းသင်္ဘောသည် ပြည်ပမှ နိုင်ငံခြားသားနှင့် ပြည်တွင်းရှိ ပြည်သူများအတွက် သက်တောင့်သက်သာ အနားယူအပန်းနိုင်စေရန်နှင့် မြစ်ရေ၏ သဘာဝအလှအပရှုခင်းများကို ခံစားကြည့်ရှုနိုင်ပါတယ်။

သင်္ဘောပေါ်တွင် ကုမ္ပဏီမိတ်ဆုံစားပွဲများ၊ စီးပွားရေးနှင့်ပတ်သက်သည့် အစည်းအဝေးပွဲများ၊ မွေးနေ့ပွဲများ၊ မိသားစု မိတ်ဆုံစားပွဲများနှင့် မင်္ဂလာဧည့်ခံပွဲများ၊ ညစာစားပွဲများကို ကျင်းပနိုင်ပါတယ်။

မင်္ဂလာပွဲကို သင်္ဘောပေါ်ရှိ ၂ ထပ်တွင် မိမိကြိုက်နှစ်သက်ရာအချိန်ကို ညှိ၍ မင်္ဂလာပွဲဧည့်ခံပွဲနှင့် ညစာစားပွဲကို ကျင်းပနိုင်ပါတယ်။ မင်္ဂလာပွဲနေရာငှားရမ်းခအဖြစ် ကျပ် ၁၁ သိန်း ကုန်ကျမည်ဖြစ်ကြောင်း သိရပါတယ်။

bb1

သင်္ဘောပေါ်တွင် Set Menu အတွက် တစ်ယောက်ကုန်ကျစရိတ်ကို ၇၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် အထိရှိပြီး Buffet Menu အတွက် တစ်ယောက်ကုန်ကျစရိတ်ကို ၁၀၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ် အထိ ရှိကြောင်း သိရပါတယ်။

သင်္ဘောပေါ်တွင် ဧည့်သည်အယောက် ၂၅၀ အထိဆန့်ကြောင်းလည်း သိရပါတယ်။

သင်္ဘောပေါ်တွင် မင်္ဂလာပွဲကျင်းပဖို့ စတိတ်စင်မြင့်ကို အလှဆင်ပေးခြင်း၊ projector ပြင်ဆင်ပေးခြင်း၊ အစရှိသည့် အပိုင်းများကို မိမိအစီအစဉ်ဖြင့် အကုန်အကျခံ၍ စီစဉ်ရမှာဖြစ်ပါတယ်။

အမှတ် ၇၀/၇၂၊ အခန်း ၃၀၅၊ ၄ လွှာ၊ ဗိုလ်တထောင်ဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

၀၉-၂၅၀၀၈၆၅၇၁၊ ၀၉-၇၃၁၈၂၅၁၉

Read 3270 times
Rate this item
(2 votes)

Our Verticals