Wednesday, 28 December 2016 06:48

နှင်းဆီကုန်းဘိုးဘွားရိပ်သာ

နှင်းဆီကုန်းဘိုးဘွား ရိပ်သာသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် တည်ရှိပြီး

သက်ကြီးဘိုးဘွားများ နေထိုင်သည့် ရိပ်သာဖြစ်ပါတယ်။

ယင်းဘိုးဘွားရိပ်သာတွင် မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲများ၊ မွေးနေ့မင်္ဂလာပွဲများ ကျင်းပရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

နှင်းဆီကုန်းဘိုးဘွား ရိပ်သာတွင် မင်္ဂလာအချိန်ကို ၂ ချိန် သတ်မှတ်ထားပါတယ်။ နံနက် ၁၀ နာရီမှ ၁၂ နာရီ တစ်ချိန်၊ နေ့လည် ၃ နာရီမှ ၅ နာရီအထိ တစ်ချိန် ကျင်းပနိုင်ပါတယ်။

မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲအတွက် ပဒေသာပင်အလှူငွေ ၁၂ သိန်းကို ထည့်ဝင်လှူဒါန်းရမှာ ဖြစ်ပါတယ်။

ဘိုးဘွားရိပ်သာတွင် လူဦးရေ အယောက် ၂၀၀ ဆန့်ပါတယ်။ အ၀င်အထွက် ဆိုလျှင် လူဦးရေ အယောက် ၃၀၀ အထိ ဆန့်ကြောင်းသိရပါတယ်။

အကျွေးအမွေးအဖြစ် ကြက်ဆီထမင်း၊ ဒံပေါက်၊ ထောပတ်ထမင်း၊ ရေခဲမုန့်၊ ရေသန့်အပါအ၀င် တစ်ယောက်ကုန်ကျစရိတ် ၃၅၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။

ထမင်းဖြူနှင့် ဟင်း ၂ မျိုးဆိုလျှင် ၅၀၀၀ ကျပ်ဖြစ်ကြောင်းလည်း သိရပါတယ်။ နေ့လည်ပိုင်းအချိန်မင်္ဂလာပွဲတွင် မုန့် ၃ မျိုး၊ ရေခဲမုန့် ဆိုလျှင် ၂၅၀၀ ကျပ် ကျသင့်မှာဖြစ်ကြောင်းသိရပါတယ်။ (မှတ်ချက်။ မုန့်ပေါ်တွင်မူတည်၍ ဈေးနှုန်းကွာခြားချက်ရှိပါတယ်)

မင်္ဂလာခန်းမအပြင်အဆင်၊ နောက်ခံစာသားရေးထိုးခြင်းတို့ကိုလည်း ရိပ်သာမှ ၀န်ဆောင်မှုပေးထား ကြောင်း သိရပါတယ်။

အစားအသောက်ကို ရိပ်သာရှိ ၀န်ထမ်းများမှ အားလုံးစီစဉ်ဆောင်ရွက် ချက်ပြုတ်၊ ကျွေးမွေးဧည့်ခံခြင်းဖြင့် ၀န်ဆောင်မှုပေးကြောင်း သိရပါတယ်။

အမှတ် ၂၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၄၁၇၉၆၊ ၀၁-၅၄၁၇၉၇၊ ၀၁-၅၄၆၁၉၇

Read 829 times
Rate this item
(1 Vote)
More in this category: « Royal Green River Cruise

Our Verticals