Monday, 10 October 2016 09:48

IBC Hall

I.B.C Hall သည် ရန်ကုန်မြို့၊ ပြည်လမ်း၊ အင်းယားကန်အနီး၊ လှိုင်မြို့နယ်တွင် တည်ရှိပါတယ်။

ယင်းနေရာတွင် စီးပွားရေးနှင့်ပတ်သက်သည့် အစည်းအဝေးပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ မွေးနေ့မင်္ဂလာများ၊ စေ့စပ်ကြောင်းလမ်းခြင်းနှင့် လက်ထပ်မင်္ဂလာပွဲများကို ပြုလုပ်ကြလေ့ရှိသည့် နေရာတစ်ခုဖြစ်ပါတယ်။

မင်္ဂလာအချိန်များမှာ နံနက် ၉ နာရီမှ ၁၁ နာရီထိတစ်ချိန်၊ နေ့လည် ၁ နာရီမှ ၃ နာရီထိတစ်ချိန်၊ ညနေ ၅ နာရီမှ ၇ နာရီတစ်ချိန် ကြိုက်နှစ်သက်ရာအချိန်တွင် မင်္ဂလာဆောင်နိုင်ပါတယ်။

မင်္ဂလာခန်းမကြေးကို သီးခြားကောက်ခံခြင်းမရှိဘဲ wedding package ဖြင့်သာ ကုန်ကျမှာဖြစ်ပါတယ်။ မင်္ဂလာခန်းမအပြင်အဆင်ပါဝင်မည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်အဖြစ် အဆိုတော ၇ ဦးပါဝင်မည်ဟုလည်း သိရပါတယ်။ အဆိုတော် ၅ ဦးမှာ နာမည်ကြီးဖြစ်ပြီး ၂ ဦးမှာ တက်သစ်စ အဆိုတော်ဖြစ်ပါတယ်။

မင်္ဂလာမောင်နှံအတွက် ရင်ကတ်ပန်း၊ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးရေးပါဝင်မည်ဖြစ်ပြီး ဓာတ်ပုံ ၁၀၀ ကိုလည်း ရရှိမှာဖြစ်ပါတယ်။ Pre-wedding ဓာတ်ပုံကိုလည်း Projector ဖြင့် ဧည့်ပရိတ်သတ်များကို ပြသပေးမည်ဖြစ်ကြောင်း သိရပါတယ်။

မင်္ဂလာအခမ်းအနားမှူး၊ လျှောက်လမ်းပန်းတိုင်နှင့် မင်္ဂလာကိတ်တို့ကိုပါ ထည့်ချင်လျှင် IBC မှ မှာယူပေးပြီး ကုန်ကျစရိတ်ကို ထပ်မံပေးဆောင်ရပါမယ်။

Wedding package တွင် လူဦးရေ ၃၀၀ မှ ၃၈၀ အထိ ဆိုရင် အောက်တွင်ဖော်ပြထားသည့် ဈေးနှုန်းအတိုင်း ပေးချေရမည်ဖြစ်ပြီး လူဦးရေ ၄၀၀ မှ ၅၈၀ အထိ ဆိုလျှင် အောက်တွင်ဖော်ပြထားသည့် ဈေးနှုန်း၏ တစ်ဝက်ကိုသာပေးချေရမှာဖြစ်ပါတယ်။

IBC တွင် မင်္ဂလာဆောင်မည့်သူတိုင်းသည် ကားပါကင်အတွက် ပူပင်နေစရာမလိုဘဲ ကားအစီးရေ ၈၀ မှ ၁၀၀ အထိ ရပ်နားနိုင်သည့် ကားပါကင်ပါဝင်ခြင်းကြောင့် ဧည့်သည်များ စိတ်ကျေနပ်မှုကို ရရှိနိုင်ပါလိမ့်မယ်။

အစားအသောက်ဈေးနှုန်း

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ် (၂၀၁၆) တစ်ယောက်ကုန်ကျစရိတ် (၂၀၁၇)
မုန့် ၄ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့်၊ လက်ဖက် ၁၃,၀၀၀ ကျပ် ၁၅,၀၀၀ ကျပ်
ထောပတ်ထမင်း ၁၅,၀၀၀ ကျပ် ၁၈,၀၀၀ ကျပ်
Read 1687 times
Rate this item
(2 votes)
More in this category: Karaweik Palace »

Our Verticals