Wednesday, 12 October 2016 07:25

Kandawgyi Palace Hotel

Kandawgyi Palace Hotel သည် ရန်ကုန်မြို့၊ ကန်တော်ကြီးကမ်းစပ်နား၊ ကန်ရိပ်သာလမ်း၊

ဗဟန်းမြို့နယ် တွင် တည်ရှိပါတယ်။

Kandawgyi Palace Hotel တွင် ကုမဏီအစည်းအဝေးပွဲများကျင်းပနိုင်ခြင်း၊ စေ့စပ်မင်္ဂလာပွဲများ ကျင်းပနိုင်ခြင်း၊ လက်ထပ်မင်္ဂလာပွဲများကျင်းပနိုင်ခြင်းနှင့် မွေးနေ့ပွဲများကိုလည်း ဟိုတယ်တွင် ကျင်းပလျှက်ရှိပါတယ်။ ဟိုတယ်တွင် မင်္ဂလာပွဲမလုပ်ခင် စရံငွေအဖြစ် တစ်ဝက်ကို ပေးချေထားရမှာဖြစ်ပါတယ်။

ခန်းမ

ဟိုတယ်တွင် မင်္ဂလာခန်းမကြေး သီးခြားကောက်ခံခြင်းမရှိဘဲ Wedding Package ဈေးနှုန်းများ အစားအစားရှိပါတယ်။ Wedding Package များမှာ Jasmine Wedding Package, Orchid Wedding Package နှင့် Lotus Wedding Package ဟူ၍ ရှိပါတယ်။

မင်္ဂလာခန်းမကို ဟိုတယ်ရှိ Mingalar Hall တွင် ကျင်းပနိုင်ပြီး ဧည့်သည်အယောက် ၂၀၀ မှ ၂၅၀ အထိ ဆန့် ပါတယ်။

မင်္ဂလာညစာစားပွဲကို ဟိုတယ်ရှိ ရေကန်အနီး ဥယျာဉ်တွင် ကျင်းပနိုင်ပါတယ်။ ညစာစားပွဲအတွက် Wedding Package များမှာ Rose Wedding Package, Lily Wedding Package နှင့် Tulip Wedding Package ဟူ၍ ရှိပါတယ်။

မင်္ဂလာညစာစားပွဲတွင် ထိုင်းအစားအစာ သို့မဟုတ် တရုတ်အစားအစာများဖြင့် ဘူဖေးကျွေးလျှင် တစ်ယောက်ကုန်ကျစရိတ် ဒေါ်လာ ၃၅ နှင့် ဒေါ်လာ ၄၀ ကုန်ကျမည်ဟု သိရပါတယ်။

 

ဟိုတယ်ရှိ မင်္ဂလာပွဲအချိန်များမှာ နံနက် ၉ နာရီမှ ၁၁ နာရီထိတစ်ချိန်၊ နေ့လည် ၁ နာရီမှ ၃ နာရီထိ တစ်ချိန်နှင့် ည ၆ နာရီမှ ၉ နာရီထိတစ်ချိန်ဟူ၍ မိမိကြိုက်နှစ်သက်သည့် အချိန်တွင် မင်္ဂလာပွဲကို ဆင်နွှဲနိုင်ပါတယ်။

ဝန်ဆောင်မှုများ

ဟိုတယ်မှ ၀န်ဆောင်မှုများအနေဖြင့် နောက်ခံစာတမ်း မြန်မာ သို့မဟုတ် အင်္ဂလိပ် စာတမ်းရေးထိုးပေးခြင်း၊ ပန်းအလှဆင်ပေးခြင်း၊ သတို့သမီးအ၀တ်လဲခန်းနှင့် မင်္ဂလာကိတ်နှင့် ရေခဲပန်းပု တို့ကို လူဦးရေပေါ်မူတည်ပြီး ၀န်ဆောင်များ အမျိုးအစား ကွာခြားသွားပါတယ်။

အစားအသောက်

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
မုန့် ၃ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် ၁၆,၀၀၀ ကျပ်
မုန့် ၄မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် ၁၇,၀၀၀ ကျပ်
မုန့် ၅ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် ၁၈,၀၀၀ ကျပ်

ကန်တော်ကြီးကမ်းစပ်အနီး၊ ကန်ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
၀၁-၂၄၉၂၅၅~၉၊ ၀၁-၃၉၄၈၃၇~၉



Read 1583 times
Rate this item
(1 Vote)

Our Verticals