Wednesday, 21 September 2016 09:58

MELIA Yangon Hotel

၂၀၁၆ ခုနှစ်၊ ဇူလိုင်လကုန် ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ အသစ်ဖွင့်လှစ်ခဲ့တဲ့ ကြယ်ငါးပွင့်အဆင့်မြင့် ဟိုတယ်တစ်ခုဖြစ်ပါတယ်။

ဟိုတယ်သည် ရန်ကုန်မြို့၏ အချက်အချာကျသော နေရာတစ်ခုဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာ တည်ရှိသည့်အပြင် ရန်ကုန်မြို့ရဲ့ အကြီးဆုံး ဈေးဝယ်စင်တာတစ်ခုဖြစ်တဲ့ Myanmar Plaza နဲ့လည်း ဆက်စပ် တည်ရှိပါတယ်။

ဟိုသည်တွင် အိပ်ခန်းပေါင်း ၄၃၀ ပါဝင်ပြီး အိပ်ခန်းများသည် ၄၈ စတုရန်းမီတာမှ စတင်ပြီး နောက်ဆုံးပေါ် ခေတ်မီ အသုံးအဆောင်များ ဖြည့်တင်းထားသည့်အပြင် သာယာလှပသော အင်းယားကန်၏ သဘာဝ အလှတရားများကိုလည်း ခံစားနိုင်ပါတယ်။

ဟိုတယ်ကို အလုပ်ကိစ္စဖြင့်သော်၎င်း၊ အပန်းဖြေအနားယူရန်အတွက်လည်းကောင်း လာရောက်တည်းခို သူများအတွက် အထူးပင် သင့်တော်သော ဟိုတယ်ဖြစ်ပါတယ်။

Melia Yangon Hotel တွင် လုပ်ငန်းခွင် မိတ်ဆုံစားပွဲများ၊ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံစားသောက်ပွဲများ ကျင်းပနိုင်တဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်။

ဟိုတယ်တွင် နာမည်ကြီး စားသောက်ဆိုင်ကြီး ၃ ဆိုင်ကိုလည်း ဖွင့်လှစ်ထားကြောင်း သိရပါတယ်။

ဟိုတယ်တွင် ရနိုင်သည့် အစားအစာများကတော့ ဥရောပအစားအစာ၊ မြန်မာအစားအစာ၊ အာရှအစားအစာ အစရှိသည်တို့ ဖြစ်ပါတယ်။

ထို ဟိုတယ်တွင် စတုရန်းမီတာ ၂၀၀၀ ကျော်ကျယ်သော Ballroom ခန်းမများနှင့် Function Room များသည် မင်္ဂလာခန်းမ၊ ဧည့်ခံပွဲခန်းမ၊ အစည်းအဝေးပွဲခန်းမများမှအစ နိုင်ငံတော်အဆင့် အခမ်းအနားပွဲ အမျိုးမျိုးကျင်းပရန်အတွက် အဆင်ပြေစေရန် ခေတ်မီပြီး အထူးကောင်းမွန်သော နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများနှင့်တကွ နှစ်လိုဖွယ်ကောင်းသော ၀န်ထမ်းများဖြင့် ၀န်ဆောင်မှုများလည်း အပြည့်အ၀ပေးကြောင်း သိရပါတယ်။

Wedding Packages

Melia Yangon Hotel တွင် wedding package ကို ၃ မျိုးခွဲထားပါတယ်။ Romance in Style Package တွင် မုန့် ၃ မျိုး၊ ရေခဲမုန့်၊ ကော်ဖီ နှင့် လက်ဖက်ရည် ကို တစ်ယောက်ကုန်ကျစရိတ် $ 19 ကျသင့်မှာဖြစ်ပါတယ်။

စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် ကျင်းပနိုင်ပြီး အနည်းဆုံး လူဦးရေ ၆၀၀ ရှိရမှာဖြစ်ပြီး ကြားရက်များတွင် ကျင်းပလျှင် အနည်းဆုံး လူဦးရေ ၄၀၀ ရှိရမှာဖြစ်ပါတယ်။

Romance in Elegance Package တွင် မုန့် ၄ မျိုး၊ ရေခဲမုန့်၊ ကော်ဖီ နှင့် လက်ဖက်ရည် ကို တစ်ယောက်ကုန်ကျစရိတ် $ 21 ကျသင့်မှာဖြစ်ပါတယ်။

စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် ကျင်းပနိုင်ပြီး အနည်းဆုံး လူဦးရေ ၅၀၀ ရှိရမှာဖြစ်ပြီး ကြားရက်များတွင် ကျင်းပလျှင် အနည်းဆုံး လူဦးရေ ၃၈၀ ရှိရမှာဖြစ်ပါတယ်။

Romance in Glamour Package တွင် မုန့် ၅ မျိုး၊ ရေခဲမုန့်၊ ကော်ဖီ နှင့် လက်ဖက်ရည် ကို တစ်ယောက်ကုန်ကျစရိတ် $ 23 ကျသင့်မှာဖြစ်ပါတယ်။

စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် ကျင်းပနိုင်ပြီး အနည်းဆုံး လူဦးရေ ၄၅၀ ရှိရမှာဖြစ်ပြီး ကြားရက်များတွင် ကျင်းပလျှင် အနည်းဆုံး လူဦးရေ ၃၅၀ ရှိရမှာဖြစ်ပါတယ်။

Dinner Reception တွင် တရုတ်အစားအစာ၊ အာရှအစားအစာနှင့် အနောက်တိုင်းအစား အစာများပါဝင်မည်ဖြစ်ပြီး တစ်ယောက်ကုန်ကျစရိတ် $ 45 ကျသင့်မှာဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် ကျင်းပနိုင်ပြီး အနည်းဆုံး လူဦးရေ ၄၀၀ ရှိရမှာဖြစ်ပြီး ကြားရက်များတွင် ကျင်းပလျှင် အနည်းဆုံး လူဦးရေ ၃၅၀ ရှိရမှာဖြစ်ပါတယ်။

ဝန်ဆောင်မှုများ

ဟိုတယ်တွင် မင်္ဂလာခန်းမကို ၂ နာရီကြာအသုံးပြုခွင့်ပေးထားခြင်း၊ နောက်ခံစာတမ်းထိုးကို မြန်မာ၊ အင်္ဂလိပ် သို့မဟုတ် တရုတ်ဖြင့် ရေးထိုးပေးခြင်း၊ စင်မြင့်ပေါ်တွင် ဆိုဖာနှင့် စားပွဲခုံထားပေးခြင်း၊ မင်္ဂလာကိတ်ပြုလုပ်ပေးခြင်း၊ ရေခဲပန်းပုထုပေးခြင်း၊ မင်္ဂလာခန်းမကို ပန်းဒီဇိုင်းအလှဆင်ပေးခြင်း၊ တေးသီချင်းဖွင့်ပေးခြင်း၊ ပရိုဂျက်တာများထားပေးခြင်း၊ လျှောက်လမ်းကော်ဇောနီခင်းပေးခြင်း၊ အ၀င်ဝတွင် မင်္ဂလာမောင်နှံဓာတ်ပုံနှင့် နာမည်ရေးထိုးပေးခြင်း၊ မင်္ဂလာမောင်နှံအတွက် အ၀တ်လဲလှယ်ခန်းတို့ကို ပေးထားမှာဖြစ်ပါတယ်။

၎င်းအပြင် မင်္ဂလာမောင်နှံတို့ တစ်ညတာတည်းခိုခွင့်နှင့် နံနက်စာဘူဖေးသုံးဆောင်ခွင့်လည်း ပေးထားပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တွင် ဟိုတယ်တွင် ပြပွဲကျင်းပမည်ဖြစ်ပြီး စိတ်ဝင်စားသည့် မင်္ဂလာမောင်နှံများ ပြပွဲရက်တွင် Package လုပ်မည့်သူများအတွက် Romance in Elegance Package နှင့် Romance in Glamour Package Booking လုပ်ရင် $ 1 လျှော့ချပေးမည်ဖြစ်ကြောင်း သိရပါတယ်။ မင်္ဂလာမောင်နှံများအတွက် Package စုံစမ်းရင်း လိုအပ်တဲ့ မိတ်ကပ်၊ ၀တ်စုံ၊ ဂီတဖျော်ဖြေမှုများကိုလည်း ကူညီပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Read 4384 times
Rate this item
(3 votes)

Our Verticals