Tuesday, 18 October 2016 07:34

Vintage Luxury Yacht Hotel

Vintage Luxury Yacht Hotel သည် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဆိပ်ကမ်း၊

ဗိုလ်တထောင်မြို့နယ်တွင် တည်ရှိပါတယ်။

ယင်းဟိုတယ်သည် ပြည်ပမှ နိုင်ငံခြားသားနှင့် ပြည်တွင်းရှိ ပြည်သူများအတွက် သက်တောင့်သက်သာ အနားယူအပန်းနိုင်စေရန်နှင့် မြစ်ရေ၏ သဘာဝအလှအပရှုခင်းများကို ကြည့်ရှုရန် သင်္ဘောပုံစံ ဆောက်လုပ်ထားသည့် ရေပေါ်ဟိုတယ်တစ်ခုဖြစ်ပါတယ်။

ဟိုတယ်တွင် ကုမဏီမိတ်ဆုံစားပွဲများ၊ စီးပွားရေးနှင့်ပတ်သက်သည့် အစည်းအဝေးပွဲများ၊ မွေးနေ့ပွဲများ၊ မိသားစု မိတ်ဆုံစားပွဲများနှင့် မင်္ဂလာဧည့်ခံပွဲများ၊ ညစာစားပွဲများကို ကျင်းပနိုင်ပါတယ်။

ဟိုတယ်ပေါ်တွင် အခန်းပေါင်း ၁၀၄ ခန်း ပါရှိပြီး စားသောက်ဆိုင်များ၊ bars နှင့် Spa တို့လည်း ပါဝင်ပါတယ်။

မင်္ဂလာပွဲကို သင်္ဘောပေါ်ရှိ ၅ ထပ်တွင် မိမိကြိုက်နှစ်သက်ရာအချိန်ကို ညှိ၍ မင်္ဂလာပွဲဧည့်ခံပွဲနှင့် ညစာစားပွဲကို ကျင်းပနိုင်ပါတယ်။

ဟိုတယ်တွင် Tea Break Menu အတွက် တစ်ယောက်ကုန်ကျစရိတ်ကို ၁၀ ဒေါ်လာမှ ၁၅ ဒေါ်လာအထိ ရှိပြီး ညစာစားပွဲကို Buffet Menu အတွက် တစ်ယောက်ကုန်ကျစရိတ်ကို ၂၀ ဒေါ်လာမှ ၂၅ ဒေါ်လာအထိ ရှိကြောင်း သိရပါတယ်။

ဟိုတယ်တွင် ဧည့်သည်အယောက် ၂၀၀ အထိဆန့်ကြောင်းလည်း သိရပါတယ်။

သင်္ဘောပေါ်တွင် မင်္ဂလာပွဲကျင်းပလျှင် စတိတ်စင်မြင့်ကို အလှဆင်ပေးခြင်း၊ projector ပြင်ဆင်ပေးခြင်း၊ Karaoke အစီအစဉ်များလည်း စီစဉ်ပေးထားမှာဖြစ်ပါတယ်။

ကျန်သည့်အပိုင်းများကို မိမိအစီအစဉ်ဖြင့် အကုန်အကျခံ၍ စီစဉ်ရမှာဖြစ်ပါတယ်။

အမှတ် ၆၊ ဗိုလ်တထောင်ဆိပ်ကမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

၀၉-၂၅၄၄၄၃၃၂၆၊ ၀၁-၉၀၁၀၅၃၂၊ ၀၁-၉၀၁၀၅၃၅

Read 5502 times
Rate this item
(2 votes)

Our Verticals