Inya Lake Hotel ဟာ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်တွင်တည်ရှိပြီး
ကိုလိုနီခေတ်ပုံစံဒီဇိုင်းဖြင့် ဆောက်လုပ်ထားပါတယ်။
ဟိုတယ်၏အကျယ်အ၀န်းသည် ၃၇ ဧကရှိပြီး ဟိုတယ်၏ ပတ်ပတ်လည်တွင် စိမ်းလန်းစိုပြေတဲ့ ဥယျာဉ်နှင့် ကြာကန်တို့လည်းရှိပါတယ်။
Lake View Bar နှင့် Pool Bar မှာ အနားယူအပန်းဖြေခြင်းနှင့်အတူ Sunset View ကိုလည်း ကြည့်ရှုနိုင်ပါတယ်။ ၎င်းအပြင် အင်းယားကန်ရေပြင်တွင် ရွက်လှေများ၊ ကနူးလှေများဖြင့် လေ့ကျင့်နေသူများကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ခန်းမ
ဟိုတယ်၏ မင်္ဂလာခန်းမတွင် ဧည့်သည်အယောက် ၄၃၀ မှ ၅၀၀ အထိဆန့် ခန်းမရှိပါတယ်။ ခန်းမကြေးကို သီးသန့်ပေးချေစရာမလိုဘဲ wedding package အလိုက် လူဦးရေဘယ်နှစ်ယောက်လဲ စသဖြင့် ကုန်ကျစရိတ်ကိုသာ ဈေးနှုန်းတွက်ချက်ပေးထားပါတယ်။
မင်္ဂလာအချိန်ကို နံနက် ၉ နာရီမှ ၁၁ နာရီထိတစ်ချိန်၊ နေ့လည် ၂ နာရီမှ ၄ နာရီထိတစ်ချိန်နှင့် ည ၆ နာရီမှ ၉ နာရီတစ်ချိန် သတ်မှတ်ထားပါတယ်။
ဟိုတယ်၏ Pool Site မြက်ခင်းပြင်တွင်ကျင်းပလျှင် အနည်းဆုံး လူဦးရေ ၂၀၀၊ Lake Side မြက်ခင်းပြင်တွင် ကျင်းပလျှင် အနည်းဆုံး လူဦးရေ ၁၅၀၊ Mingalar Ballroom တွင် ကျင်းပလျှင် အနည်းဆုံး လူဦးရေ ၁၀၀၊ Sunset Terrace တွင် ကျင်းပလျှင် အနည်းဆုံးလူဦးရေ ၁၀၀ နှင့် Ruby Room တွင် ကျင်းပလျှင် အနည်းဆုံး လူဦးရေ ၅၀ ခန့် ရှိရမှာဖြစ်ပါတယ်။
ညစာစားပွဲအတွက် International Buffet ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ဒေါ်လာ ၃၀ မှ ၃၅ အထိရှိပြီး Chinese Buffet ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ဒေါ်လာ ၃၅ မှ ၄၀ အထိရှိပါတယ်။
ဝန်ဆောင်မှုများ
ဟိုတယ်၏ ၀န်ဆောင်မှုများမှာ မင်္ဂလာခန်းမအပြင်အဆင်၊ နောက်ခံစာတမ်းရေးထိုးခြင်း၊ wedding cake ပြုလုပ်ပေးခြင်းနှင့် နံနက်စာဘူဖေးအပါအ၀င် တစ်ညတာတည်းခိုခွင့်ပေးခြင်းတို့ကို ဟိုတယ်မှ စီစဉ်ဆောင်ရွက် ပေးကြောင်း သိရသည်။
မင်္ဂလာအချိန်နှင့် နေရာသတ်မှတ်ပြီးပါက စရံအဖြစ် ဟိုတယ်ကို $ 1500 အရင်ပေးချေထားရမည်ဖြစ်သည်။
အစားအသောက်
စဉ် | အမျိုးအစား | တစ်ယောက်ကုန်ကျစရိတ် |
၁ | မုန့် ၄ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် | $ 11 (above 350) |
၂ | မုန့် ၅ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် | $ 12 (above 300) |
၃ | မုန့် ၆ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် | $ 13 (above 250) |
အမှတ် ၃၇၊ ကမ္ဘာအေးဘုရားလမ်းမကြီး၊ ရန်ကုန်မြို့။
၀၁-၉၆၆၂၈၆၆၊ ၀၁-၉၆၆၂၈၅၇