Friday, 09 September 2016 10:16

Jivitadana

ဇီဝိတဒါန သံဃဆေးရုံကြီးသည် ရန်ကုန်မြို့၊ ကိုယ့်မင်းကိုယ်ချင်းလမ်း၊ ဗဟန်းမြို့နယ်တွင်

တည်ရှိပါတယ်။

ယင်းဇီဝိတဒါန သံဃဆေးရုံကြီးသည် ဗြိတိသျှ ကိုလိုနီ လက်ထက်၊ ၁၉၄၀ပြည့်နှစ်၊ မေလ (၈)ရက်နေ့တွင် ဆေးပေးခန်းကလေးမှ စတင်ခဲ့ခြင်းဖြစ်ပြီး အနောက်နိုင်ငံ ဆေးဝါးနှင့် ကုသပေးသည့် ဇီဝိတဒါန ဆေးခန်းကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။

ထိုဆေးရုံကြီးတွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ လာလာသမျှ မကျန်းမာသူ ဂိလာန ပုဂ္ဂိုလ်များအား အခမဲ့ စမ်းသပ် ဆေးဝါးများ ကုသပေးနိုင်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါတယ်။ုံးပိတ်ရက်မှအပ နေ့စဉ် နံနက်(၈)နာရီမှ ညနေ(၄)နာရီ ထိ ဖွင့်လှစ်ထားပါတယ်။

ဇီဝိတဒါနသံဃာ့ဆေးရုံကြီး မျက်နှာစာအဆောင်၏ အောက်ထပ်တွင် မင်္ဂလာခန်းမအဖြစ်သီးသန့်ထား ရှိပါတယ်။ အပေါ်ထပ်တွင် သံဃာတော်များ ဆွမ်းစားဆောင်ရှိပါတယ်။ မင်္ဂလာဆောင်မည့် သူများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းရမှာဖြစ်ပါတယ်။

မင်္ဂလာခန်းမကြေး နှစ်နာရီစာအတွက်ကို ၁ သိန်းကျပ်ပေးရမည်ဖြစ်ပြီး တစ်ယောက်ကုန်ကျစရိတ် ၃၅၀၀ ကျပ် ရှိပါတယ်။ ငါးပေါင်း၊ ငပိကြော်၊ အစိမ်းကြော်၊ ကြက်သား၊ ရေသန့်တို့ကို ၀န်ထမ်းများမှ စီစဉ်၍ ချက်ပြုတ်စီမံပေးပါတယ်။ ခန်းမတွင် ဧည့်သည်အယောက် ၅၀၀ ထိ ဆန့်ပါတယ်။

စာတမ်းရေးထိုးခ၊ ခန်းမအပြင်ကိုတော့ မိမိစိတ်ကြိုက် သီးသန့် အကုန်အကျခံကာ ပြင်ဆင်နိုင်ပါတယ်။ ဖျော်ဖြေရေးအဖြစ် နောက်ခံတီးလုံးနှင့် သီချင်းကိုလည်း ဖွင့်ပေးထားပါတယ်။

အမှတ် ၃၈၊ ကိုယ့်မင်းကိုယ်ချင်းလမ်း၊ ဗဟန်း။

ဖုန်းနံပါတ်   - ၀၁-၅၄၁၇၉၅၊ ၀၁-၅၄၅၇၈၂

 

Read 1603 times
Rate this item
(4 votes)

Our Verticals