Tuesday, 25 October 2016 08:12

Thu Mingalar Yama Le Di Monastery

လယ်တီကျောင်းတိုက်သည် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံဘုရားအနီးမှာ

တည်ရှိပါတယ်။

အဲဒီကျောင်းတိုက်မှာ ရွှေရတုခန်းမနှင့် ငွေရတုခန်းမဆိုပြီး ခန်းမ ၂ ခုရှိပါတယ်။ ရွှေရတုခန်းမက နေရာကျယ်ပြီး  ငွေရတုခန်းမက နေရာကျဉ်းပါတယ်။

မင်္ဂလာအချိန်များမှာ နံနက် ၉ နာရီခွဲမှ နေ့လည် ၁၁ နာရီခွဲအထိ၊ နေ့လည် ၁ နာရီမှ နေ့လည် ၃ နာရီအထိ၊ ညနေ ၄ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိ ရှိပါတယ်။

ရွှေရတုခန်းမငှားရမ်းခမှာ ကျပ် ၃ သိန်းခွဲ ကုန်ကျမှာဖြစ်ပြီး ငွေရတုခန်းမငှားရမ်းခမှာ ကျပ် ၂ သိန်းခွဲ ကုန်ကျမှာဖြစ်ပါတယ်။ နောက်ခံစာတမ်းရေးထိုးပေးခြင်း၊ အခမ်းအနားပြင်ဆင်ပေးခြင်းနှင့် ၀န်ထမ်း ၁၂ ဦးကလည်း ၀န်ဆောင်မှုအပြည့်အ၀ ပေးသွားပါလိမ့်မယ်။

ရွှေရတုခန်းမတွင် မင်္ဂလာဆောင်လျှင် ဧည့်သည်အယောက် ၃၅၀ ခန့် ဆန့်ပြီး ငွေရတုခန်းမတွင် မင်္ဂလာဆောင်လျှင် ဧည့်သည်အယောက် ၁၅၀ ကျော်ခန့် ဆန့်ပါတယ်။

ခန်းမဆောင်အသုံးပြုမည့်သူများသည် ကြိုတင်စရံငွေ ၁ သိန်းကျပ်ကို အရင်ဆုံး ပေးချေရမှာဖြစ်ပါတယ်။

ကျောင်းရှိသံဃာတော်များအတွက် ဆွမ်းဆက်ကပ်လိုပါက ၅ ပါးမှ ၁၀ ပါးအထိ ကို နေ့ဆွမ်းဆက်ကပ်နိုင်ပါတယ်။

ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေးကိုလည်း မိမိကြိုက်သည့်သူနှင့် ရိုက်နိုင်သလို ကျောင်းမှလည်း စီစဉ်ဆောင်ရွက်ပေးပါတယ်။ အပြင်မှခေါ်ရိုက်ရင် ၃သောင်းကျပ် ပေးရမှာဖြစ်ပါတယ်။

ပန်းကန်ဆေးဖို့အတွက်ဆပ်ပြာ၊ တစ်ရှူးကို ကိုယ့်ဘာသာဝယ်ရမှာဖြစ်ပြီး မီးပျက်ရင် မီးစက်ဖွင့်ခ တစ်သောင်းကျပ်ကိုလည်း ထပ်မံပေးရမှာပါ။

အကျွေးအမွေးကို မိမိအစီအစဉ်ဖြင့်လည်း စီစဉ်ဆောင်ရွက်နိုင်သလို ကျောင်းတိုက်မှ မှာယူ၍လည်း ရနိုင်ပါတယ်။ ကြက်ဆီထမင်း (သို့) ထောပတ်ထမင်း (သို့) ဒန်ပေါက်နှင့် ရေခဲမုန့် တွဲလျက်ကို တစ်ယောက်ကုန်ကျစရိတ် ၃၅၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး ရေခဲမုန့်၊ ကော်ဖီနှင့် မုန့် ၃ မျိုးကို ၃၀၀၀ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ရေသန့်ဖိုးကိုတော့ သတ်သတ်ပေးဆောင်ရမှာဖြစ်ပါတယ်။

ကျိုက္ကဆံဘုရားအနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၆၄၇၃၄၊ ၀၁-၅၆၀၇၁၀၊ ၀၉-၇၉၉၃၀၅၂၃၁၊ ၀၉-၂၅၃၂၂၈၄၈၉

Read 2309 times
Rate this item
(2 votes)

Our Verticals