Wednesday, 31 August 2016 08:36

မဟာစည်သာသနာ့ ရိပ်သာ

မဟာစည် သာသနာ့ရိပ်သာ

မဟာစည်သာသနာ့ ရိပ်သာသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် တည်ရှိသော

ထင်ရှားသည့် ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်သည်။

ယင်းဘုန်းကြီးကျောင်းတွင် မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲများ၊ မွေးနေ့မင်္ဂလာပွဲများ ကျင်းပရာ နေရာတစ်ခုလည်း ဖြစ်ပါသည်။

ထိုဘုန်းကြီးကျောင်းတွင် မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲ ပြုလုပ်လျှင် သံဃာတော်အပါး ၃၀၀ ခန့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းရမည်ဖြစ်ပါသည်။

မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲအတွက် ရေစက်ချသံဃာတော် ၅ ပါးမှ တရားပေးရန်အတွက် မင်္ဂလာမောင်နှံနှင့် ဆွေမျိုးများက နံနက် ၈နာရီခွဲရောက်ရမည်ဖြစ်သည်။

နံနက် ၉ နာရီတွင် တရားနာပြီး ၉း၄၅ တွင် သံဃာတော်များအား နေ့ဆွမ်း ဆွမ်းဆက်ကပ်လှူဒါန်းမှုများ ပြုလုပ်ပြီး ဧည့်သည်များ ဧည့်ခံရန်တွက် မင်္ဂလာအချိန်မှာ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ အထိ ဖြစ်ပါသည်။

မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံရန်အတွက် မင်္ဂလာခန်းမဈေးနှုန်းမှာ ၁ သိန်းခွဲဖြစ်ပြီး ဧည့်သည်အယောက် ၅၀၀ ဆန့်ပါသည်။

အကျွေးအမွေးအနေဖြင့် ထောပတ်ထမင်း၊ ရေခဲမုန့် ကို တစ်ယောက်ကုန်ကျစရိတ် ၃၀၀၀ ကျပ် ဖြစ်ပြီး ထမင်းဖြူ၊ ကြက်သားနှင့် ငါး၊ ရေခဲမုန့်ကို တစ်ယောက်ကုန်ကျစရိတ် ၂၈၀၀ ကျပ်ဖြစ်ပါသည်။

နောက်ခံစာသားရေးထိုးခြင်းအတွက် ကုန်ကျစရိတ်မှာ ၆၀၀၀ ကျပ် ကျပါသည်။ ကျောင်းအ၀င်ဝဆိုင်းဘုတ်နှင့် ခန်းမအ၀င်ဆိုင်းဘုတ်တို့ကို အခမဲ့ ရေးသားပေးပါသည်။

ပန်းအိုးတစ်အိုးလျှင် ၅၀၀၀ ကျပ်ဖြင့် မိမိစိတ်ကြိုက် ထားနိုင်ပါသည်။ ဗွီဒီယိုရိုက်ကူးရေးအတွက် ၁ သိန်း ၃ သောင်းကျပ်နှင့် ဓာတ်ပုံ (၁၀၀) အတွက် ၇ သောင်း ကုန်ကျမည်ဖြစ်သည်။

အစားအသောက်ကို ဘုန်းကြီးကျောင်းမှ အားလုံးစီစဉ်ဆောင်ရွက် ချက်ပြုတ်၊ ကျွေးမွေးဧည့်ခံခြင်းဖြင့် ၀န်ဆောင်မှုပေးပါသည်။

ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၅၄၁၉၇၁၊ ၀၁၅၄၅၉၁၈

Read 3658 times
Rate this item
(3 votes)
More in this category: Jivitadana »

Our Verticals