Monday, 24 October 2016 09:55

Inya Kan Pyar Monastery

အင်းယားကန်ဖျားကျောင်းသည် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ မြ၀တီဓာတ်ဆီဆိုင်ဘေးလမ်း

တွင် တည်ရှိပါတယ်။

အင်းယားကန်ဖျားကျောင်းတိုက်တွင် မင်္ဂလာအချိန်ကို မိမိစိတ်ကြိုက်ယူနိုင်ပါတယ်။ ခန်းမကြေး ၁ သိန်းကျပ် ပေးရမှာဖြစ်ပါတယ်။ ဧည့်သည်ဦးရေ အ၀င်အထွက် ၂၅၀ ခန့် ဆန့်ပါတယ်။

ခန်းမအပြင်အဆင်မှာ ပန်းတွေ၊ ဘောလုံးတွေ ထည့်ချင်ရင်လည်း မိမိဘာသာ စီစဉ်ရပါတယ်။

အကျွေးအမွေးကိုတော့ မိမိဘာသာ စီစဉ်ရပါတယ်။ ဘုန်းကြီးကျောင်းမှ အိုးခွက်ပန်းကန် များကိုတော့ စိတ်တိုင်းကျ စီစဉ်ပေးပါတယ်။

ဒံပေါက်၊ ထောပတ်ထမင်းနှင့် ကိတ်မုန့်၊ ကော်ဖီ၊ ရေခဲမုန့်တို့ ကျွေးရင်လည်း အပြင်မှ မိမိကြိုက်သည့်ဆိုင်တွင် မှာယူနိုင်ပါတယ်။ ဒံပေါက်နှင့် ထောပတ်ထမင်းကျွေးရင်တော့ ဆိုင်မှ ၀န်ထမ်း ၂ ဦးကို ထည့်ပေးလိုက်ပါတယ်။

စားပွဲဝိုင်းတွင် လိုက်ချပေးမည့်သူကိုတော့ ကိုယ့်ရဲ့ ရင်းနှီးတဲ့လူကို ရှာထားရပါတယ်။ ရေသန့်နှင့် တစ်ရှူးဘူးတွေကိုတော့ ကိုယ့်အစီအစဉ်နှင့်ကိုယ် ၀ယ်ရပါတယ်။

မနက်ပိုင်းတွင် မင်္ဂလာမောင်နှံမှ တရားနာ၊ ရေစက်ချ၊ ဘုန်းကြီးငါးပါးအတွက် ၀တ္တုငွေကပ်လှူရပါတယ်။ နေ့လည်ချိန်တွင်လည်း နေ့ဆွမ်းနှင့် အချိုပွဲကို ဆက်ကပ်နိုင်ပါတယ်။

မင်္ဂလာဆောင်မည့် သတို့သား သတို့သမီးတို့ အင်းယားကန်ဖျားကျောင်းတိုက်သည် အင်းယားကန်နှင့် ဆက်နွယ်နေသည့်အတွက် ဓာတ်ပုံရိုက်ရန် နေရာကောင်းလေးများရှိပါတယ်။

ကျောင်း၏ ဘေးထိုင်ခုံတွင် ရှုခင်းကောင်း၍ မင်္ဂလာမောင်နှံအတွက်အလှဓာတ်ပုံများ၊ မိသားစုနှင့်တွဲလျက်ဓာတ်ပုံများကိုလည်း ရိုက်နိုင်ပါတယ်။

ကားပါကင်ကတော့ နေရာကျယ်ကျယ်ဝန်းဝန်းမရှိသည့်အတွက် အဆင်ပြေအောင်သာ ကားပါကင်ထိုးရပါ လိမ့်မယ်။

တက္ကသိုလ်ရိပ်သာလမ်း၊ မြ၀တီဓာတ်ဆီဆိုင်ဘေးလမ်း၊ ရန်ကုန်မြို့။

Read 2635 times
Rate this item
(3 votes)

Our Verticals