Wednesday, 01 February 2017 08:10

ရွှေမင်းဝံရိပ်သာ

ရွှေမင်းဝံရိပ်သာသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ခြောက်ထပ်ကြီးဘုရားအနီးတွင်

တည်ရှိပါတယ်။

ယင်းရိပ်သာတွင် မင်္ဂလာဦးဆွမ်းကျွေးဧည့်ခံပွဲများ၊ မွေးနေ့မင်္ဂလာပွဲများ ကျင်းပပြုလုပ်နိုင်ပါတယ်။

ရွှေမင်းဝံရိပ်သာတွင် လူဦးရေ အယောက် ၃၅၀ ဆန့်ပြီး အဝင်အထွက်ဆိုလျှင် ၅၀၀ အထိ ဆန့်ကြောင်း သိရပါတယ်။ ယင်းခန်းမ၏ မင်္ဂလာအချိန်ကို နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ တစ်ချိန်သာ သီးသန့်သတ်မှတ် ထားကြောင်း သိရပါတယ်။

ရွှေမင်းဝံရိပ်သာ၏ အောက်ထပ် မင်္ဂလာခန်းမအတွက် အလှူငွေ ၁ သိန်းကျပ် ကို ပေးရမည်ဖြစ်ကြောင်း သိရပါတယ်။ ဆရာတော်အတွက် အလှူငွေကိုတော့ တတ်နိုင်သလောက် အလှူငွေဆက်ကပ်နိုင်ကြောင်း သိရပါတယ်။

အကျွေးအမွေးအနေဖြင့် ထမင်း၊ ဟင်းနှင့် ရေခဲမုန့်အတွက် တစ်ယောက်ကုန်ကျစရိတ် ၂၅၀၀ ကျပ် ကုန်ကျမည်ဖြစ်ကြောင်း သိရပါတယ်။ မိမိစိတ်တိုင်းကျ အပြင်မှ စားသောက်စရာများမှာယူ၍ ရကြောင်း သိရပါတယ်။

Led စာတမ်းထိုးခြင်း၊ ပန်းပြင်ဆင်ခြင်းအတွက် သီးသန့် ကုန်ကျစရိတ်မှာ ၂ သောင်းကျပ် ဖြစ်ပြီး ရေသန့်နှင့် Tissue အတွက်ကို သီးသန့် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်။

ရွှေမင်းဝံရိပ်သာတွင် ဘာမှပူပင်နေစရာမလိုဘဲ ကားပါကင်ထားဖို့အတွက် နေရာကျယ်ဝန်းကြောင်း သိရပါတယ်။

ခြောက်ထပ်ကြီးဘုရားအနီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

 ၀၁-၅၄၂၈၇၆

Read 2083 times
Rate this item
(1 Vote)

Our Verticals