Friday, 04 November 2016 07:28

Taw Win Garden Hotel

Taw Win Garden Hotel သည် ရန်ကုန်မြို့၊ ပြည်လမ်း၊ ဒဂုံမြို့နယ်တွင် တည်ရှိပြီး

4 stars အဆင့်ရှိ ဟိုတယ်တစ်ခုဖြစ်ပါတယ်။

ယင်းဟိုတယ်တွင် အစည်းအဝေးပွဲများ၊ ကုမဏီမိတ်ဆုံစားပွဲများ၊ မွေးနေ့ပွဲများ၊ စေ့စပ်ပွဲများ၊ ညစာစားပွဲများနှင့် မင်္ဂလာပွဲများကို ကျင်းပနိုင်ပါတယ်။

Taw Win Garden Hotel တွင် မင်္ဂလာပွဲကို နံနက် ၉နာရီမှ မွန်းလွဲ ၁၁ နာရီအထိ တစ်ရက်လျှင် တစ်ကြိမ်သာ ကျင်းပနိုင်ပါတယ်။ ဧည့်သည်အယောက် ၂၀၀နှင့်အထက် ဆိုလျှင် ခန်းမကြေးကို သီးသန့်ပေးစရာမလိုပေ။ မင်္ဂလာပွဲကို ဟိုတယ်ရှိ ၈ လွှာတွင် ကျင်းပလျှက်ရှိပါတယ်။

ဟိုတယ်ရှိ မင်္ဂလာခန်းမတွင် ဧည့်သည်အယောက် ၂၀၀ မှ ၃၀၀ အထိ ဆန့်ပါတယ်။ ဟိုတယ်၏ ၀န်ဆောင်မှုများအဖြစ် မင်္ဂင်္လာဆောင် အခမ်းအနား အပြင်အဆင်များ၊ စာတမ်းရေးထိုးခြင်း၊ တည်ခင်းကျွေးမွေးမှုများ၊ သတို့သား၊ သတို့သမီး အ၀တ်လဲခန်း၊ Wedding Cake၊ ဇနီးမောင်နှံတို့ကို နံနက်စာအပါအ၀င် တစ်ညတာ တည်းခိုခွင့်အပြင် ဟိုတယ်မှ ၀န်ဆောင်မှု အပြည့်အ၀ပေးပါတယ်။

ဟိုတယ်တွင် Dinner ပွဲကို ညနေ ၆ နာရီ နောက်ပိုင်းတွင် ကျင်းပနိုင်ပါတယ်။ Dinner ပွဲတွင် အကျွေးအမွေး အဖြစ် Chinese Sets, International Sets, Asian Sets Menu များနှင့် ဧည့်သည်များကို တစ်ယောက် ကုန်ကျစရိတ် $ 30 ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးနိုင်ပါသည်။

အစားအသောက်ဈေးနှုန်း

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
မုန့် ၃ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် $ 17
မုန့် ၄ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် $ 18
မုန့် ၅ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် $ 19

 

Contact

Read 1849 times
Rate this item
(1 Vote)

Our Verticals