Monday, 22 August 2016 08:56

Sule Shangri-La Hotel

Sule Shangri-La Hotel သည် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းမကြီးပေါ်တွင် တည်ရှိသော ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်ခုဖြစ်ပါသည်။

ဟိုတယ်အပေါ်ဆုံးထပ်မှကြည့်လျှင် ရန်ကုန်မြို့၏ မြင်ကွင်းအစုံအလင်ကို တွေ့မြင်နိုင်ပါသည်။ ဟိုတယ်တွင် Wi-Fi နှင့် satellite TV ကို လည်း အခမဲ့ ကြည့်ရှုနိုင်ပါသည်။

ယင်းဟိုတယ်တွင် မင်္ဂလာပွဲများ၊ မွေးနေ့ပွဲများ၊ လုပ်ငန်းခွင်မိတ်ဆုံစားပွဲများ၊ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံစားသောက်ပွဲများကို ပြုလုပ်လေ့ရှိသည့် နေရာတစ်ခုလည်းဖြစ်ပါသည်။

ခန်းမ

ဟိုတယ်တွင် Myanmar Ballroom ဟုခေါ်သည့် မင်္ဂလာခန်းမတစ်ခုတည်းသာရှိပြီး ၎င်းခန်းမတွင် လူဦးရေ ၁၀၀၀ အထိ ဆန့်ကြောင်းသိရပါသည်။ Sule Shangri-La Hotel တွင် မင်္ဂလာခန်းမကို package အလိုက် ဈေးနှုန်းများ သတ်မှတ်ထားပါသည်။

Package ကို ၃ မျိုး ခွဲခြားထားသည်။ ဧည့်သည်အယောက် ၃၀၀ ဆိုရင် ဒေါ်လာ ၁၉၊ ဧည့်သည်အယောက် ၄၀၀ ဆိုရင် ဒေါ်လာ ၁၈၊ ဧည့်သည်အယောက် ၅၀၀ ဆိုရင် ဒေါ်လာ ၁၇ သတ်မှတ်ထားကြောင်း သိရသည်။

Package ဖြင့်မယူပါက ခန်းမကြေးအဖြစ် တစ်နာရီလျှင် ဒေါ်လာ ၁၀၀၀ ပေးချေရမည်ဖြစ်သည်။

Sule Shangri-La Hotel တွင် မင်္ဂလာချိန် ၂ ချိန်သာ သတ်မှတ်ထားပါသည်။ ယင်းအချိန်များမှာ နံနက် ၉ နာရီမှ ၁၁နာရီအထိ တစ်ချိန်၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ တစ်ချိန်သာရှိပါသည်။

ညနေ ၆ နာရီမှ ည ၈ နာရီအချိန်ကို dinner အချိန် သတ်မှတ်ထားပါသည်။

Dinner ပွဲတွင် လူဦးရေ ၁၀၀ နှင့်အထက်ကို တစ်ယောက်ကုန်ကျစရိတ် ဒေါ်လာ ၃၈ ပေးရမည်ဖြစ်ပြီး Chinese menu နှင့် International menu များ ရရှိနိုင်မည်ဖြစ်သည်။

ဝန်ဆောင်မှုများ

ဟိုတယ်၏ ၀န်ဆောင်မှုများမှာ မင်္ဂလာခန်းမအပြင်အဆင်၊ နောက်ခံစာတမ်းရေးထိုးခြင်း၊ projector ဖြင့် ပြသပေးခြင်း၊ wedding cake ပြုလုပ်ပေးခြင်း၊ ရေခဲပန်းပုထုပေးခြင်း၊ တစ်ညတာတည်းခိုခွင့်ပေးခြင်းတို့ကို ဟိုတယ်မှ စီစဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။

မင်္ဂလာအချိန်နှင့် နေရာသတ်မှတ်ပြီးပါက စရံအဖြစ် ဟိုတယ်ကို $ 1500 အရင်ပေးချေထားရမည်ဖြစ်သည်။

အစားအသောက်

စဉ် အမျိုးအစား တစ်ယောက်ကုန်ကျစရိတ်
မုန့် ၄ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် $ 17
မုန့် ၅ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် $ 18
မုန့် ၅ မျိုး၊ ကော်ဖီ၊ လက်ဖက်ရည်၊ ရေခဲမုန့် $ 19

အမှတ် ၂၂၃၊ ဆူးလေဘုရားလမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။

၀၁-၂၄၂၈၂၈

Read 2918 times
Rate this item
(2 votes)

Our Verticals